၂. ၃. ၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်အတွင်းရှိ လူစည်ကားသည့် ကျောက်မြောင်းလမ်းတွင် မုန့်ဆင်းဝယ်သည့် အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦး ဖေဖော်ဝါရီ ၂၈ ရက်က ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး မိသားစုမှ လိုက်လံရှာဖွေရာ နေပြည်တော် လယ်ဝေးမြို့တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြာင်း ပျောက်ဆုံးသူ၏ ဖခင်ဖြစ်သူမှ MT News၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ပျောက်ဆုံးနေသူ မုန့်ဆင်းဝယ်ချိန်တွင် အဖွားဖြစ်သူမှ ၎င်းတို့နေထိုင်ရာ ၈ လွှာတိုက် ဝရံတာတွင် ရပ်၍ မြေးဖြစ်သူအား စောင့်ကြည့်နေခဲ့ပြီး အတည်ပြုနိုင်ခြင်းမရှိသေးသည့် ကားတစ်စီးပေါ်သို့ ပါသွားသည်ကို နောက်ဆုံးမြင်တွေ့ခဲ့ရခြင်းဖြစ်ပြီး အဆိုပါကားကို CCTV များတစ်ဆင့် လိုက်လံစုံစမ်းရင်း နေပြည်တော်ဘက်သို့ သတင်းရသဖြင့် မတ်လ ၁ရက်နေ့က လိုက်သွားခဲ့ခြင်းဖြစ်ကြောင်း ယခု မတ်လ၂ ရက်နေ့တွင် ပြန်လည်ခေါ်ဆောင်၍ ရန်ကုန်သို့ ပြန်လာနေပြီဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးသူ မိန်းကလေးငယ်၏ ဖခင်မှ “ကျွန်တော်တို့ကလေးကို သတင်းရတဲ့ လယ်ဝေးက ပြန်တွေ့ပါတယ်။ အခု ရန်ကုန် နေပြည်တော် အမြန်လမ်းမှာပါ။ ကလေးလည်း ထိခိုက်တာမရှိပါဘူး။ ကျန်းမာပါတယ်။ ကျွန်တော်လည်း ရင်တွေပူ ခရီးတွေပန်းနေတာနဲ့ လူကတော်တော် အဆင်မပြေတာပါ။ အခုမှ အသက်ဝဝရှုနိုင်ပါတယ်”ဟု ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News