၁၃.၅.၂၀၂၆
Translated by Htwe Ko Tun
ရုရှားနိုင်ငံပိုင် Tass သတင်းဌာနမှ သတင်းထောက်တစ်ဦးက အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်အား ယခုနှစ်အတွင်း ထရမ့်ပ်အနေနှင့် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်နိုင်မည်လောဟု မေလ ၁၂ ရက်က မေးခဲ့ရာတွင် ၎င်းက သွားရောက်လည်ပတ်ရန်စဉ်းစားနေခြင်းမရှိဟု ငြင်းဆိုဖြေကြားခဲ့ခြင်းမရှိကြောင်း သိရသည်။
သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ယခုနှစ် ရုရှားသို့ သွားရောက်လည်ပတ်ရန် ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ သတင်းထောက်များနှင့် စကားပြောဆိုနေစဉ် ထိုသို့မှတ်ချက်ပေးခဲ့ခြင်းဟုလည်း သိရသည်။
ထရမ့်ပ်က “လိုအပ်တာမှန်သမျှ ကျွန်တော် လုပ်ပါမယ်။ သမ္မတ တာဝန်ယူပြီးနောက် ကျွန်တော် စစ်ပွဲ ရှစ်ကြိမ်ကို ဖြေရှင်းခဲ့ပြီးပါပြီ။ အခု ယူကရိန်းစစ်ပွဲက ပြီးဆုံးဖို့ ပိုနီးလာပါပြီ။ ယုံချင်ယုံမယုံချင်နေ၊ စစ်ပွဲက ပြီးဖို့ပိုနီးလာပါပြီ။ ရုရှားနဲ့ ယူကရိန်းကြား ပြေလည်မှုတစ်ခု ရရှိတော့မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု ထပ်လောင်းဖြေကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်က ထရမ့်ပ်အား ၎င်းတို့နှစ်ဦး ဖုန်းဖြင့် ဆွေးနွေးမှုများအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်အား မော်စကိုသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီးဖြစ်သည်။
ရုရှားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကလည်း ထရမ့်ပ်အတွက် ဖိတ်ကြားချက်များသည် အကျုံးဝင်နေဆဲဖြစ်ပြီး ပူတင်သည် အမေရိကန်သမ္မတနှင့် မော်စကိုတွင် တွေ့ဆုံရန် အမြဲတမ်း ဝမ်းမြောက်ဝမ်းသာရှိလိမ့်မည်ဟု မေလ ၁၁ ရက်က ပြောကြားခဲ့သေးသည်။ ၎င်း၏ပြောကြားချက်အရ ရုရှားခေါင်းဆောင်သည် ဖုန်းခေါ်ဆိုမှုတိုင်းတွင် အမေရိကန်သမ္မတအား ရုရှားမြို့တော်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ကြောင်း သိရသည်။
အမေရိကန်သမ္မတ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်ခ်အော့ဖ်သည် ထရမ့်ပ်၏ သားမက်၏ သားမက် ဂျား ကွတ်ရှ်နာနှင့်အတူ မော်စကိုသို့ အကြိမ်ပေါင်းများစွာ လာရောက်လည်ပတ်ခဲ့သည်။
ဝစ်ခ်အော့ဖ်က ရုရှားနှင့် ယူကရိန်းတို့အကြား စစ်ပွဲကို ဖြေရှင်းရန် ဆွေးနွေးရန် ရုရှားသမ္မတပူတင်နှင့် အကြိမ်များစွာ တွေ့ဆုံခဲ့သည်။
Ref- RBC Ukraine
