MT News

Written by Myo Khine

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်နယ်မြေအတွင်းရှိ ဘဲကုန်းဈေးအနောက်ဘက်တွင် မတ်လ ၁ ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် လူနေအိမ် ၄ လုံးမီးထဲပါသွားပြီး ၄ နှစ်ခွဲအရွယ်ကလေးငယ်တစ်ဦးနှင့် အသက် ၈၀ ခန့်အရွယ် အဖိုးအိုတစ်ဦးသေဆုံးခဲ့ကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းက သိရသည်။

မတ်လ ၁ရက် မွန်းလွဲ၂ နာရီခွဲခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းမီးလောင်ကျွမ်းမှုဖြစ်စဉ်ကို အသေးစိတ်မသိရှိရသေးကြောင်းလည်း အဆိုပါ အဖွဲ့က သိရသည်။

“ဘဲကုန်းဈေးအနောက်ဘက်မှာ မီးလောင်တာ။ မီးများတော့ ပျဉ်ထောင်အိမ် ၄ လုံး မီးထဲပါသွားပါတယ်။ ၄ နှစ်ခွဲ ကလေးက ယောင်္ကျားလေးပါ။ အဲဒီကလေးတစ်ယောက်နဲ့ အဖိုးအို ၁ ယောက်သေပါတယ်။ အဖိုးအိုကတော့ လေဖြတ်ထားတာ။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မော်လမြိုင်ဆေးရုံကို ပို့ထားပါတယ်”ဟု ယင်းအသင်းတာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

မီးလောင်ပြင်သို့ ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူများနှင့် ဒေသခံလူမှုကူညီရေးအသင်းများသွားရောက် ကူညီငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News