
၁၁.၅.၂၀၂၆
Translated by Htwe Ko Tun
လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအသစ်များနှင့် ဟစ်ဇ်ဘိုလာမှ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အစ္စရေးနှင့် လက်ဘနွန်အကြား အမေရိကန်၏ အထောက်အကူဖြင့် ရရှိထားသော အပစ်အခတ်ရပ်စဲရေးမှာ ပြိုလဲပျက်ပြားတော့မည့် အခြေအနေနှင့် နီးကပ်လာနိုင်သည်ဟု စိုးရိမ်မှုများ မြင့်တက်လာနေရသည်။
မူလကပင် တင်းမာမှုများအကြား ထိန်းချုပ်ထားနိုင်သော အပစ်အခတ်ရပ်စဲရေးအဖြစ် ဖော်ပြခံခဲ့ရသည့် အစ္စရေးနှင့် လက်ဘနွန်အကြား တိုက်ခိုက်မှုများရပ်စဲခဲ့မှုမှာ ယခုအခါတွင်မှု သိသာမြင်သာသော တင်းမာသည့်အခြေအနေကို ပြသနေပြီး နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု အပြန်အလှန်စွပ်စွဲလျက်ရှိကြကာ အရပ်သားများလည်း မြင့်တက်လာသောတင်းမာမှုတွင် ပါဝင်လာကြသည်။
အစ္စရေးအရာရှိများက နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုများက အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့် ဟစ်ဇ်ဘိုလာတပ်ဖွဲ့များ၏ တည်နေရာများနှင့် ၎င်းတို့က ဒုံးကျည်များပစ်ခတ်ရန်အသုံးပြုခဲ့သော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။
လက်ဘနွန်နိုင်ငံပိုင် မီဒီယာများနှင့် ဒေသခံအရာရှိများက နယ်စပ်ရပ်ရွာများတွင် ထိခိုက်သေဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများကို သတင်းပို့ခဲ့ပြီး နှစ်နိုင်ငံကြား လနှင့်ချီ၍ ပဋိပက္ခဖြစ်ပွားမှုကြောင့် မကြာသေးမီကမှ ဒေသခံများ နေရပ်ပြန်ခဲ့ကြသည့် ဒေသများတွင် လူထု၏ဒေါသနှင့် ပြန်လည်ထွက်ပြေးတိမ်းရှောင်ရမည့်အပေါ် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာခဲ့ရသည်။
ဟစ်ဇ်ဘိုလာဘက်မှမူ အစ္စရေးနယ်မြေသို့ ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်တိုက်ခိုက်မှုများကို လက်စားချေခြင်းနှင့် တားဆီးခြင်းလုပ်ဆောင်ချက်များအဖြစ် ဆက်လက် ပုံဖော်လုပ်ဆောင်ခဲ့သည်။
အထွတ်အထိပ်တိုက်ပွဲများအတွင်း မြင်တွေ့ရသည့် ရေရှည်ဗုံးကြဲတိုက်ခိုက်မှုများ မမြင်တွေ့ရသေးသော်လည်း အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားနှုန်းနှင့် သေဆုံးမှုများတွင် တိုးပွားလာနေပြီး လေ့လာသူများက ပိုမိုကျယ်ပြန့်သော ရင်ဆိုင်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု ဆိုကြသည်။
အမေရိကန်ပြည်ထောင်စုမှ ပြင်းထန်စွာပါဝင်ပတ်သက်မှုဖြင့် ကြားဝင်ဆောင်ရွက်ပေးခဲ့သော အပစ်အခတ်ရပ်စဲရေးက ဂါဇာစစ်ပွဲစတင်သည်မှ ပိုမိုကျယ်ပြန့်သော ဒေသတွင်းသက်ရောက်မှုများနှင့် ဆက်စပ်နေသော လပေါင်းများစွာ အပြန်အလှန်တိုက်ခိုက်မှုများအပြီး မတည်ငြိမ်သော နယ်စပ်တစ်လျှောက် ရန်လိုမှုများကို ရပ်တန့်ရန် ရည်ရွယ်ခဲ့သည်။
အစ္စရေးက လက်ဘနွန်သို့ နက်ရှိုင်းသောတိုက်ခိုက်မှုများကို လျှော့ချရမည်ဖြစ်ပြီး ဟစ်ဇ်ဘိုလာကလည်း နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုကို ထိန်းချုပ်ရမည်ဖြစ်သော အပစ်အခတ်ရပ်စဲရေးမှာ အလွယ်တကူ ကျိုးပေါက်နိုင်သည့်အနေအထားတွင်လည်းရှိနေခဲ့သည်။။
နှစ်ဖက်စလုံးက စစ်ပွဲကို ပြန်လည်စတင်ရန် ရည်ရွယ်ခြင်းမရှိသော်လည်း အကန့်အသတ်ရှိသော အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားလာခြင်းက အခြေအနေကို အထူးအန္တရာယ်များစေကြောင်း သံတမန်များက သတိပေးကြသည်။
Ref- Gulf News
