၁. ၃. ၂၀၂၃
Written By Thandar

Myanmar Beauty Paradise Organization ကနေ ကြီးမှူးပြီး Miss SuperModel WorldWide Myanmar 2023 ပြိုင်ပွဲကို ကျင်းပဖို့အတွက် စီစဥ်နေတယ်လို့ Organization ရဲ့ CEO & Founder Layauk Naw က ပြောပါတယ်။

“Miss Super Model Worldwide Myanmar 2023 ပြိုင်ပွဲမှာ မတူညီတဲ့ ခေါင်းစဥ် ၃မျိုးနဲ့ ရွေးချယ်ပြီး နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးကိုတော့ လက်လွှတ်မခံဘဲ အမြန်ဆုံးဖောင်တင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပြိုင်ပွဲဝင် ဖောင်ကို မတ်လ ၄ ရက်နေ့ နောက်ဆုံးထားပို့ပေးရမှာဖြစ်ပါတယ် ”လို့ CEO & Founder Layauk Naw ကပြောပါတယ်။

အဆိုပါပြိုင်ပွဲမှာ Top (5) ကိုရောက်ရှိလာတဲ့ အလှမယ်တွေအနေနဲ့ AI Images Production က ထုတ်လုပ်မယ့် ရုပ်ရှင်၊ ဇာတ်လမ်းတွေကို ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ MSWM ပြိုင်ပွဲမှာ ပါဝင်ကူညီတဲ့ ကုမ္ပဏီတွေရဲ့ Brand Ambassador ရွေးချယ်ခြင်း၊ Title ဆုရွေးချယ် ချီးမြင့်ပေးခြင်း အစရှိတဲ့ အကျိုးခံစားခွင့်တွေအပြင် Organization နဲ့အတူ တစ်နှစ်တာ Activities & Commercial လုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်ခွင့်ရရှိမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Miss SuperModel WorldWide Myanmar 2023 ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ အရပ် 5′ 3″ အထက်ရှိသူဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၂၉ နှစ် အတွင်းရှိဖို့နဲ့ အိမ်ထောင်မရှိသူ အပျိုဖြစ်ရမယ်ဆိုတဲ့ အချက်တွေအပြင် Organization က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်နိုင်သူ၊ ဆန်ကာတင်စာရင်းကို တက်ရောက်လာတဲ့ အလှမယ်တွေအနေနဲ့ ပြိုင်ပွဲကို အစအဆုံးမပျက်မကွက် ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၂ခုနှစ်က အိန္ဒိယနိုင်ငံ Jaipur မြို့မှာ ကျင်းပခဲ့တဲ့ Miss Supermodel Worldwide 2022 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် အိမ့်စုမွန်က Miss Look of the Year၊ Miss Fashion နဲ့ Best in National Costume 2nd runner up ဆုများကို ဆွတ်ခူးရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News