



နေမိုး
၃. ၅. ၂၀၂၆
ပြည်ပရောက် Exile Media တစ်ခုဖြစ်သည့် သံလွင်ခက် သတင်းဌာနတွင် လုပ်ကိုင်နေသော ရခိုင်သတင်းထောက်အမျိုးသမီးတစ်ဦးကို ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA အဖွဲ့ဝင်တစ်ဦးက ဓမ္မတာနှင့် ဆန့်ကျင်သော မုဒိမ်းမှု ပြုကျင့်မည်ဟု ခြိမ်းခြောက်ထားသည်ဟု သံလွင်ခက်သတင်းဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ သံလွင်ခက်သတင်းဌာန၏ ရခိုင်မြေပြင်သတင်းထောက် ခင်သရဖီဦးအား ရခိုင်အကြမ်းဖက်လက်နက်ကိုင်ထွန်းမြတ်နိုင်၏ တပည့်တစ်ဦးဖြစ်သည့် Twan Lynn Thein အကောင့်ပိုင်ရှင်က ရခိုင်ဘာသာစကားဖြင့်ပင် တွေ့သည့်နေရာတွင် ဓမ္မတာနှင့်ဆန့်ကျင့်၍ မုဒိမ်းကျင့်မည်ဖြစ်ကြောင်းနှင့် AA ထံတိုင်လိုပါက ကိုယ်ပိုင်နံပါတ်ပေးမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရခိုင်အမျိုးသမီးသတင်းထောက်ကို လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုအတွက် ရှုတ်ချကြောင်း သံလွင်ခက်က ဖော်ပြထားသလို နိုင်ငံတကာနှင့် မြန်မာသတင်းမီဒီယာအဖွဲ့များထံ တိုင်ကြားမည်ဖြစ်ကြောင်း၊ ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA ကိုလည်း ခြိမ်းခြောက်သူကို အရေးယူပေးရန် မေတ္တာရပ်ခံမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သံလွင်ခက်၏ ပို့စ်အောက်တွင်လည်း ရခိုင်လူမျိုးများက ခင်သရီဖီဦးကို မုဒိမ်းကျင့်မည်ခြိမ်းခြောက်သည့် ထွန်းလင်းသိန်းမှာ ခင်သရီဖီဦးကို ကြိုက်၍ဖြစ်နိုင်ကြောင်း လိင်စော်ကားမှု အားပေးအားမြှောက်ပြုနေကြသလို ထွန်းမြတ်နိုင်၏ မိန်းမဖြစ်သော နှင်းဇာဖြူပုံကို မန့်ပြီး ထိုသို့မုဒိမ်းကျင့်ရန် ထွန်းမြတ်နိုင်ခိုင်းခြင်းဖြစ်မည်ဟုလည်း မှတ်ချက်ပြုကြသည်။
ရခိုင်ပြည်နယ်မြို့အများစုကို AA သိမ်းပြီးနောက် ရခိုင်အမျိုးသမီးများမှာ AA လက်နက်ကိုင်များ၏ လိင်ကျွန်အဖြစ် သက်ဆင်းနေကြရသလို စားဝတ်နေရေးခက်ခဲမှုကြောင့် ပြည့်တန်ဆာဖြစ်သွားသူလည်း အများအပြားရှိနေပြီး တစ်ကြိမ်လိင်ဆက်ဆံခမှာ ဆန်တစ်ပြည်သာရသည့်အထိလည်း အခြေအနေဆိုးနေသည်။
