





နေမိုး
၃. ၅.၂၀၂၆
အသက်မပြည့်ဘဲနဲ့ PDF ထဲဝင်တဲ့ ကလေးစစ်သားအဖြစ်ကနေ PDF ဒုတပ်ခွဲမှူးဖြစ်လာတဲ့ ရဲဘော်စတစ်ဟာ တပ်မတော်ကို သွားရောက်တိုက်ခိုက်တဲ့ ရှေ့တန်းစစ်မျက်နှာမှာ ရတဲ့ဒဏ်ရာတွေနဲ့ အသက် ၂၂ နှစ်အရွယ်မှာ သေဆုံးသွားပါတယ်။
အသက် ၁၇ နှစ်အရွယ် အခြေခံပညာအထက်တန်းကျောင်းသားအဆင့် ၂၀၂၁ ခုနှစ်မှာ PDF ထဲဝင်ပြီး ကလေးစစ်သားဖြစ်လာတဲ့ ရဲဘော်စတစ်ဟာ လက်ရှိမှာ အထူးတိုင်းစစ်ဌာန၊ အမှတ် ၉၉၂၅ ၊ Rangoon Warriors PDF တပ်ရင်း ၊ တပ်ခွဲ ၂ ရဲ့ ဒုတပ်ခွဲမှူးတာဝန်ထမ်းဆောင်နေတာပါ။ စတစ်ရဲ့ စစ်ကြောင်းဟာ မွန်၊ ကရင်ဘက်မှာ လှုပ်ရှားနေတာဖြစ်ပြီး ပြီးခဲ့တဲ့လေးကေစခန်းကုန်းကို တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သလို စခန်းကုန်းကို သိမ်းနိုင်စဥ်က ဝံ့ကြွားခဲ့တဲ့စတစ်ဟာ လက်ရှိမှာတော့ တပ်မတော်ရဲ့ချေမှုန်းမှုကြောင့်ပဲ မေလ ၁ ရက် ည ၉ နာရီခွဲမှာ သေဆုံးသွားပြီး မေ ၂ ရက်မှာတော့ အလောင်းကို မီးရှို့လိုက်ပြီလို့ သူ့တပ်ရင်းက ဒီနေ့ထုတ်ပြန်ပါတယ်။
အသက်မပြည့်ဘဲ ကလေးစစ်သားဖြစ်လာတဲ့ PDF စတစ်ဟာ အသက် ၁၉ နှစ်အကျော်မှာပဲ သူ့လို PDF ဖြစ်လာတဲ့ အိစန္ဒာကျော်နဲ့ လင်မယားအရာမြောက်ခဲ့ပြီး လက်ရှိမှာတော့ နှစ်နစ်အရွယ်သမီးငယ်တစ်ယောက်နဲ့ PDF ဇနီး အိစန္ဒာကျော် ကျန်ခဲ့တယ်လို့ သိရပါတယ်။
