၄..၅.၂၀၂၆
Written By Thandar
ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ်သစ်တွေပါဝင်တဲ့ တေးရေး တေးဆို လင်းထွဋ်ရဲ့ တတိယမြောက် တေးသီချင်း ၅ ပုဒ်ပါဝင်တဲ့ Mini Album မိတ်ဆက်ပွဲကို မေလ ၃ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၅ လမ်း အထက်ဘလောက်ရှိ Coffee Colour Art Gallery မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ Mini Album ကို တစ်ပုဒ်ချင်းစီထွက်မှာပါ။ အရင်က ဗုံးတစ်လုံးလိုပဲ Title ပေးခဲ့တယ်။ ဒါပေမယ့် ဒီသီချင်းခေါင်းစဉ်က နည်းနည်းကြမ်းတော့ သိပ်အဆင်မပြေလို့ နာမည်လေးကို စိတ်နာတယ် ပြောင်းထားပါတယ်။ ကောင်မလေးကို ချစ်တာလည်း နင်ပဲ။ မုန်းတာလည်း နင်ပဲ။ မေ့တာလည်း နင်ပဲဆိုပြီးတော့ စိတ်နာတယ်လို့ Title လေးပေးထားတာပါ”လို့ တေးရေး တေးဆို လင်းထွဋ်က MT Entertainment ကိုပြောပါတယ်။
အဆိုပါ မိတ်ဆက်ပွဲကို တေးရေးဆရာ လူမောင် ဆေး (၁)၊ အောင်နိုင်ထွန်း၊ ချစ်ဦးနိုင် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့ပြင် တေးသီချင်းတွေကို ဂစ်တာနဲ့တီးခတ်ပြီး သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ်နဲ့ Mini Album မှာတော့ စိတ်နာတယ်၊ မင်းထားခဲ့တာပဲ၊ My Heart ၊ မြည်းတယ် စတဲ့သီချင်းတို့ ပါဝင်တာလည်း ဖြစ်ပါတယ်။ လင်းထွဋ်ကတော့ ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ်က အရိပ်မဲ့ဖမ်းစားခြင်း၊၂၀၀၀ ပြည့်နှစ်က ဝေးသွားခြင်းရဲ့ဒိုင်ယာရီ၊ ဆုံမှတ်များရဲ့ရင်ခုန်သံ အတွဲခွေထွက်ရှိထားပြီး လက်ရှိမှာလည်း ဇာတ်ဝင်တေး၊ တေးသီချင်းတချို့ကို ရေးသားထားသူလည်း ဖြစ်ပါတယ်။
ဒီတေးသီချင်းတွေထဲက ပထမဆုံး “စိတ်နာတယ်” ဆိုတဲ့သီချင်းလေးကို လာမယ့် မေလ ၅ ရက်မှာ Legapy Music က Lyrics Video လေး တင်ဆက်ပေးမှာလည်းဖြစ်ပါတယ်။
#လင်းထွဋ် #LinnHtut #တေးသံရှင်လင်းထွဋ်
#တေးရေးလူမောင်ဆေး(၁) #တေးရေးတေးဆို #LuMaungIM1 #LinnHtutYB #စိတ်နာတယ်
#မြည်းတယ် #MiniAlbum





