၂.၅.၂၀၂၆
Written by Linn Eain
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ်မကားလမ်းတွင် စက်သုံးဆီဆိုင်မီးလောင်မှု ယနေ့ မေလ ၂ ရက်၊ နံနက် ၉ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၃)စီး၊ ရွှေလောင်းနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကျုံမငေးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရွာသစ်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မော်ကျွန်းမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုတွက် စက်သုံးဆီဆိုင်အပြင် မော်တော်ယာဉ်အချို့လည်း မီးကူးစက်လောင်ကျွမ်းခဲ့ပြီး နံနက် ၁၀ နာရီ၊ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဥ်နှင့် ထိခိုက်ဆုံးရှုံးမှုအခြေအနေများကို တာဝန်ရှိသူများက စိစစ်ဆဲဖြစ်ကြောင်းလည်း သိရသည်။
