၂.၅.၂၀၂၆
Written By Thandar
Mahar Original Series ဖြစ်တဲ့ Horror အချစ်ဇာတ်လမ်းပုံစံ “ဒိုးတူပေါင်ဖက်” ဇာတ်လမ်းတွဲ Premiere Night Show ပွဲအခမ်းအနားကို မေလ ၁ ရက် ညပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် Mingalar Cinemas Kandawgyi မှာကျင်းပခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။
“ဒီ ဒိုးတူပေါင်ဖက်ဇာတ်လမ်းတွဲမှာ ကိုကျော်ထက်ဇော်နဲ့ မဝေလာရီက ဘယ်လိုအခက်အခဲတွေပဲရှိရှိ အတူတူကျော်ဖြတ်ကြမယ်ဆိုတဲ့ နာမည်လေးပေးထားတာပါ။ ဘာသာရေးဆိုင်ရာ ကားပုံစံမျိုးလေးပါ။ ဝိညာဉ်ဖြစ်သွားတယ်။ မဟုတ်တဲ့လူတွေရဲ့ အစွဲအလမ်းတွေကြောင့် ကုသိုလ်မယူဘဲ မကျွတ်လွတ်ကြတာတွေရှိတယ်။ ကြားထဲက အစွဲတွေဖြေပေးတဲ့ ပုံစံဇာတ်လေးပါ။ ဒီကားမှာ သားချောလေးရဲ့မိခင်နေရာက သရုပ်ဆောင်ထားပါတယ်။ လက်ရှိလည်း ထုတ်လွှင့်နေပြီမို့ ဝေဖန်ကြည့်ရှုအားပေးကြပါဦးလို့ ပြောချင်ပါတယ်” သရုပ်ဆောင် တာတာက ပြောပါတယ်။
အဆိုပါ အခမ်းအနားကို ကျော်ထက်ဇော်၊ ဝီလျံမင်းမြတ်၊ ဝေလာရီ၊ ခြူးစစ်ဟန်၊ တာတာ၊ မာယုသာ စတဲ့သူတွေတက်ရောက်ခဲ့ကြပါတယ်။
ဒီဇာတ်လမ်းကို ညမွှေးပန်း၊ ဇာတ်ညွှန်း ငွေစင်သွန်းနဲ့ သက်အိမ်မှူးတို့က ရေးသားပြီးတော့ ဒါရိုက်တာ ထွဋ်တင့်ထွန်းက မဖြေရှင်းနိုင်သေးတဲ့ သေဆုံးခြင်းတွေ၊ ဖုံးကွယ်ထားတဲ့အတိတ်တွေ၊ အငြိုးအတေးတွေကြားမှာ ပိတ်မိနေတဲ့ ဝိညာဉ်တွေရဲ့ ထိတ်လန့်စရာကောင်းတဲ့ လှည့်စားမှုတွေနဲ့ အချစ် Horror Drama ဇာတ်လမ်းပုံစံဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအဖြစ် ကျော်ထက်ဇော်၊ ဟိန်းသစ်စ၊ မျိုးကိုကျော်၊ Kai၊ ဇွဲ၊ ထူးနိုင်လင်း၊ ဝီလျှံမင်းမြတ်၊ ဝေလာရီ၊ ခြူးစစ်ဟန်၊ မိုးပွင့်ဖြူ၊ ဇွဲရတီ၊ တာတာ၊ ဘေးဘေး၊ မိုးသဲဖြူ၊ ငြိမ်းစုဝေ၊ အကယ်ဒမီအောင်ခိုင်၊ ရဲမွန်၊ ဟန်ဆက်လူ၊ ဘိုရဲလေး၊ အကယ်ဒမီခင်စိုးပိုင်၊ အကယ်ဒမီ ဝါဝါအောင်၊ သန်းသန်းစိုး၊ သုန္ဒြေဦး၊ အေးသီတာ၊ မာယုသာ၊ သိင်္ဂီမြင့်၊ ကလေးသရုပ်ဆောင် ကောင်းကင်ကိုကို၊ သားချော၊ သက်မှူးအိမ်စည်နဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ကြမှာဖြစ်ပါတယ်။
မိနစ် ၃၀ စာ အပိုင်း ၂၀ ပါဝင်မယ့် “ဒိုးတူပေါင်ဖက် ”ဇာတ်ကားတွဲကို ဧပြီ ၂၀ ရက် ညနေ ၆ နာရီက Mahar Applicationနဲ့ Mahar Movie Channel က ထုတ်လွှင့်ပြသနေပြီလည်း ဖြစ်ပါတယ်။
#ကျော်ထက်ဇော် #ဝေလာရီ #မိုးသဲဖြူ #ဘေဘေး
#KyawHtetZaw #WaiLarRi #Kai #BayBay #ThanThanSoe #MyanmarActor
#ဒိုးတူပေါင်ဖက်ဇာတ်ကားတွဲ #MaharApplication #MaharOriginalSeries
#ဒိုးတူပေါင်ဖက် #မဟာနဲ့ဆိုဇိမ်ပဲ






