သတိုး
၃၀. ၄. ၂၀၂၆
အဂတိလိုက်စားမှုများ၊ မဲမသမာမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ပေးအပ်သည့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြစ်ဒဏ် ၆ ပုံ ၁ ပုံ ထပ်မံလျှော့ပေါ့ခြင်း ခံရကြောင်း ၎င်း၏ ရှေ့နေအဖွဲ့ဝင်တစ်ဦးက ကြာသပတေးနေ့ (ဧပြီ ၃၀) တွင် ပြောကြားခဲ့သည်။
ယခုလျှော့ပေါ့မှုသည် နိုင်ငံတော်သမ္မတက ငဲ့ညှာပေးအပ်သည့် နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းလည်း ဖြစ်သည်။
ကာလရှည်ကြာ ရင်ဆိုင်ခဲ့ရသည့် တရားစီရင်မှုများအပြီးတွင် အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ မသမာမှုဖြစ်စေရန် လှုံ့ဆော်မှုမှသည် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုအထိ စွဲချက်များစွာဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုပြစ်ဒဏ်ကို နောက်ပိုင်းတွင် ၂၇ နှစ်သို့ လျှော့ပေါ့ခဲ့ပြီး၊ ဧပြီလ ၁၇ ရက်နေ့ မြန်မာ့နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်တွင် ၆ ပုံ ၁ ပုံ ထပ်မံလျှော့ပေါ့ပေးခဲ့သည်။ ယင်းနေ့တွင်ပင် ၎င်းနှင့်အတူ အမှုရင်ဆိုင်ခဲ့သည့် မဟာမိတ်ဖြစ်သူ သမ္မတဟောင်း ဦးဝင်းမြင့် လွတ်မြောက်ခဲ့သည်။
ယခု နောက်ဆုံးအကြိမ် ပြစ်ဒဏ်လျှော့ပေါ့မှုသည် အကျဉ်းသားအားလုံး၏ ပြစ်ဒဏ်များကို လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် နိုင်ငံပိုင်မီဒီယာ၏ ကြေညာချက်ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုတွင် တပ်မတော်၏ ဖယ်ရှားခြင်းခံခဲ့ရပြီးနောက်ပိုင်း ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် မူလက ပြစ်ဒဏ် ၃၃ နှစ်ကျော်ကို ၂၇ နှစ်ခွဲအထိ တစ်ပေါင်းတည်းကျခံခဲ့ရမှ ယခုအခါ အထွေထွေလွတ်ငြိမ်းသက်သာခွင့်များ မကြာခဏ ခံစားခွင့်ရနေခြင်းကြောင့် ထောင်ဒဏ် ၁၈ နှစ်ကျော်သာ ကျခံရန် ကျန်ရှိတော့မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ရှေ့နေအဖွဲ့ဝင်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိရသေးဘဲ တရားစီရင်မှုများ စတင်ကတည်းက ၎င်းအား လူမြင်ကွင်းတွင် တွေ့ရှိရခြင်း မရှိသေးပေ။
သို့သော် နိုင်ငံတော်သမ္မတသစ် ဦးမင်းအောင်လှိုင်က ပြီးခဲ့သည့်အပတ်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအား ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်ကို “ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း” နှင့် ၎င်း၏အစိုးရအနေဖြင့် အသေးစိတ် မဖော်ပြထားသည့် “ကောင်းမွန်သောအရာများ” ကို စဉ်းစားပေးနေကြောင်း ကမ္ဘာသိအောင် ထုတ်ဖော် ပြောကြားခဲ့သည်။
Ref: CNN
