၁. ၃. ၂၀၂၃
Written by Peya

တောင်ဥက္ကလာပမြို့မရဲစခန်းအနီးတွင် ယနေ့နံနက်ပိုင်းက ဗုံးတွေ့ရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲကာ ရှင်းလင်းလိုက်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သတင်းရရှိသည်။

ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့မရဲစခန်းအနီးရှိ သစ္စာလမ်းတွင် ဗုံးတွေ့ သောကြောင့် မတ်လ ၁ ရက် နံနက်ပိုင်း ၉ နာရီအချိန်ခန့်တွင် ဖောက်ခွဲကာ ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။

“ပြည်သူတွေကို မထိအောင် ပိတ်တာတွေ လုပ်ပြီးတော့ ဖောက်ခွဲလိုက်တာပါ” ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပေါက်သက်၍ ပေါက်ကွဲသံကို ကြားလိုက်ရပြီး ကြိုတင်ထောင်ထားသည်ဟု ယူဆရသော ဗုံးကို ရှာတွေ့ကာ ဖောက်ခွဲလိုက်ခြင်းဖြစ်သည်ဟု သိရကြောင်းလည်း တောင်ဥက္ကလာမြို့ခံတစ်ဦးက MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News