






၃၀.၄.၂၀၂၆
Written by Linn Eain
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဧပြီ ၃၀ ရက်) နံနက် ၇ နာရီကစတင်၍ ရွှေတိဂုံစေတီတော်၌ (၄၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပခဲ့သည်။
ရွှေတိဂုံစေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်ကစတင်၍ နေ့နံထောင့်များရှိ ဗောဓိညောင်ပင်များတွင် ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။
ကဆုန်ညောင်ရေသွန်းလောင်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်လူကြီးများ၊ ဂေါပကအဖွဲ့ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများဖြင့် ကျင်းပပူဇော်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဘုရားဖူးပြည်သူများအနေဖြင့် ရင်ပြင်တော်ထောင့်လေးထောင့်ရှိ မဟာဗောဓိညောင်ပင်များတွင် လွယ်ကူစွာ ညောင်ရေသွန်းလောင်းပူဇော်နိုင်ရန်အတွက် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့်ဝန်ထမ်းများက ကုသိုလ်ယူ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
