MT News

Written by Pan Ei

လာမဲ့ မေလ ၆ ရက်မှာ ဗြိတိန်ဘုရင် King Charles III ရဲ့ နန်းတက်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး နန်းတက်ပွဲအပြီး မေလ ၇ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲအတွက် ဖိတ်ခေါ်ခဲ့တဲ့ Adele နဲ့ Ed Sheeran တို့ ငြင်းဆိုအပြီးမှာ ဗြိတိန်အဆိုတော်တွေ ဖြစ်ကြတဲ့ Harry Styles၊ Spice Girls နဲ့ Elton John တို့ကပါ ထပ်မံ ငြင်းဆိုခဲ့ကြပါတယ်။

မကြာသေးမီကမှ ဂရမ်မီဆုကြီးတွေ ပိုင်ဆိုင်ခဲ့တဲ့ Harry ဟာ သူ့ရဲ့ ဖျော်ဖြေရေး ခရီးစဉ်တွေကြောင့် မအားလပ်တာမို့လို့ မဖျော်ဖြေနိုင်ကြောင်း ငြင်းဆိုခဲ့သလို ပရိသတ်တွေက ပြန်လည်စုံစည်းဖို့ မျှော်လင့်နေကြပြီး ၁၉၉၀ ပြည့်နှစ်များအတွင်းက အကျော်ကြားဆုံးမိန်းကလေး အဆိုတော်အဖွဲ့ ဖြစ်တဲ့အပြင် ဘုရင်ကြီး Charles ရဲ့ အကြိုက်ဆုံးအဆိုတော်အဖွဲ့ဖြစ်တဲ့ Spice Girls ကလည်း ဖျော်ဖြေဖို့ ကမ်းလှမ်းတာကို ငြင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မင်းသမီး ဒိုင်ယာနာရဲ့ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ အဆိုတော် Elton John ကလည်း သူရဲ့ ဖျော်ဖြေပွဲတွေနဲ့ ရက်တိုက်နေလို့ဆိုကာ ငြင်းဆိုခဲ့ပြီး ဖိတ်ကြားထားသူအများစုက ငြင်းဆိုနေခဲ့တာကြောင့် ပွဲစီစဉ်သူတွေအနေနဲ့လည်း အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

Ref; Yahoo

Leave a Reply

Your email address will not be published. Required fields are marked *