အမေရိကန်နှင့် ထိုင်းတပ်ဖွဲ့များက Cobra Gold စစ်ရေးလေ့ကျင့်မှု မတိုင်မီ ရှေ့ပြေးလေ့ကျင့်မှုအဖြစ် ဖေဖော်ဝါရီလနောက်ဆုံးပတ်က ကုန်းရေ နှစ်သွယ်သွား သံချပ်ကာယာဉ်များဖြင့် လေ့ကျင့်နေကြစဉ်

MT News

Translated by Htwe Ko Tun

အာရှတိုက်တွင်သာမက အကြီးမားဆုံး နိုင်ငံတကာစစ်ရေးလေ့ကျင့်မှုလည်းဖြစ်သည့် Cobra Gold ကို အမေရိကန်ကဦးဆောင်လျက် အိမ်ရှင်ထိုင်းနိုင်ငံအပါအဝင် နိုင်ငံ ၃၀ သည် ထိုင်းနိုင်ငံအရှေ့ဘက် ရာယွန် ပင်လယ်ကမ်းခြေမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာပြုလုပ်လျက်ရှိကြောင်း သိရသည်။

နှစ်စဉ်ပြုလုပ်သော Cobra Gold စစ်ရေးလေ့ကျင့်မှု၏ ယခုနှစ်အစီအစဉ်၌ နိုင်ငံပေါင်း ၃၀ ပါဝင်မည်ဖြစ်ကာ မတ်လ ၁၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ယခုနှစ်စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်တပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်၊ ထိုင်းတပ်ဖွဲ့ဝင် ၃,၀၀၀ ခန့်ပါဝင်မည်ဖြစ်ကာ နိုင်ငံ ၃၀ တွင် အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မလေးရှားနှင့်ထိုင်းနိုင်ငံတို့ပါဝင်ကြမည်ဖြစ်သည်။ထို့ပြင် ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ပြင်သစ်၊ မွန် ဂိုလီးယား၊ နီပေါ၊ နယူးဇီလန်၊ ဖီဂျီ၊ ဘရူနိုင်း နှင့် ယူနိုက်တစ်ကင်းဒမ်းနိုင်ငံများက နိုင်ငံစုံပူးပေါင်းပါဝင်မှုမြှင့်တင်ရေးအဖွဲ့(MPAT) ၏အစိတ်အပိုင်းအရ ပါဝင်ကြမည်ဖြစ်သည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နှင့်ထိုင်းအကြားဆက်ဆံရေးအင်အား၏ အညွှန်းတစ်ခုအနေနှင့်လည်း ရှုမြင်၍ရမည်ဖြစ်သည်။ လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ် ချန်အိုချာက ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌အာဏာသိမ်းပြီးနောက် အမေရိကန်က စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်မှုအား နှစ်အနည်းငယ် အဆင့်လျှော့ခဲ့သေးသည်။ သို့သော် တရုတ်နိုင်ငံ၏ ဒေသအတွင်း စိုးမိုးမှုအင်အားကြီးထွားလာခြင်းနှင့်အတူ ၎င်းကိုတုံ့ပြန်နိုင်ရန် အမေရိကန်က Cobra Gold စစ်ရေးလေ့ကျင့်မှု တွင် ပိုမိုအင်အားကြီးမားစွာ ပြန်လည်၍ ပါဝင်လာခဲ့သည်ကိုတွေ့ရှိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း နရီဆွန်တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သော ပေါလ် ချိမ်းဘား က ” Cobra Gold စစ်ရေးလေ့ကျင့်မှု မှာပါဝင်လာတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက် ပိုမိုများပြားလာခြင်း က အမေရိကန်-ထိုင်းဆက်ဆံရေးက တရုတ်နိုင်ငံနဲ့အပြိုင် တန်းတူဖြစ်လာအောင်ဆောင်ရွက်နေတာကိုပြတာပဲ၊ တစ်နည်းအားဖြင့်တော့ အင်အားကြီးနှစ်နိုင်ငံစလုံးက ထိုင်းနိုင်ငံမှာ သူတို့အသာရဖို့ဖန်တီးနိုင်အောင်ကြိုးစားလာနေကြတာကိုပြတာပဲ” ဟု ပြောကြားသွားခဲ့သည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *