နေမိုး
၂၇. ၄. ၂၀၂၆
PDF များ တပ်မတော်ထံ အလင်းမဝင်ပါဟု NUG နှင့် PDF များ၊ PDF ထောက်ပို့များက ဝါဒဖြန့်ချိနေသော်လည်း Tri ဗျူဟာတစ်ခုတည်းမှပင် အလင်းဝင် PDF ၃၅ ဦးအထိရှိသည်ဟု ယနေ့ဝန်ခံလာသည်။
NUG ကို ဩဇာခံပြီး မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူး၊ သပိတ်ကျင်း ဒေသများကို အခြေပြုလှုပ်ရှားသည့် Tri ဗျူဟာသည် မန္တလေးတိုင်းအတွင်းရှိ မြို့များကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် အကြောက်လွန်သွားသော PDF များက မိမိ၏အသက်ကို ပြည်သူ့အလှူငွေခိုးဖွက်နေသည့် NUG အတွက် အလဟဿ အဆုံးမခံတော့ဘဲ အလင်းဝင်မှုများပြုလုပ်ရာ မန္တလေးတိုင်းအတွင်းမှပင် PDF ၁၀၀၀ ကျော်က ရက်ပေါင်း ၃၅ ရက်အတွင်း ဆက်တိုက်အလင်းဝင်ခဲ့သဖြင့် မတ်လ ၁၉ ရက်နှင့် ဧပြီ ၂၄ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် PDF ၁၀၂၄ ဦး အလင်းဝင်ခဲ့သည်။
ထိုသို့ အလင်းဝင်မှုအပေါ် NUG နှင့် PDF များ၊ PDF ထောက်ပို့များက PDF များ တပ်မတော်ထံ အလင်းမဝင်ဟု ဝါဒဖြန့်ချိနေသော်လည်း ယနေ့တွင်မူ Tri ဗျူဟာတစ်ခုတည်းမှပင် PDF ၃၅ ဦး အလင်းဝင်သွားခဲ့သည်ဟု Tri ဗျူဟာက အတိအလင်း ဝန်ခံလာခြင်းဖြစ်သည်။
ထိုသို့ Tri ဗျူဟာ၏ PDF ၃၅ ဦး တပ်မတော်ထံ အညံ့ခံ ကူးပြောင်းအလင်းဝင်သည်ကို အခြား PDF များက အလင်းဝင် PDF တို့၏ မိသားစုပါ သတ်ဖြတ်ဒုက္ခပေးနိုင်ရန် PDF တို့ ရုပ်ပုံအပြင် အမည်ရင်း၊ မိဘအမည်၊ နေထိုင်ရာနေရပ်တို့ကိုပါ ထည့်သွင်းဖော်ပြ ဒုက္ခပေးထားသည်ကို တွေ့ရသည်။
PDF တို့က ရန်သူဟု သတ်မှတ်ထားသော တပ်မတော်ကပင် အလင်းဝင် PDF များကို သွေးသားသဖွယ်စောင့်ရှောက်ကာ ဆုငွေများ ချီးမြှင့်ခြင်း၊ ပညာပြန်လည်သင်ယူရန် တိုက်တွန်းခြင်းနှင့် အလုပ်အကိုင်ရရှိလုပ်ကိုင်ရေး တိုက်တွန်းဆောင်ရွက်ပေးနေချိန်တွင် NUG နှင့် PDF တို့က အလင်းဝင် PDF သာမက မိသားစုကိုပါ သတ်ဖြတ်ရန် ထည့်သွင်းဖော်ပြ လှုံ့ဆော်နေမှုများမှာ အောက်တန်းကျ ယုတ်ညံ့သော လုပ်ရပ်အဖြစ်လည်း NUG နှင့် PDF ထောက်ခံသူတို့ကိုယ်တိုင် ဝေဖန် ရှုတ်ချနေကြသည်။








