April 30, 2024

လူမှုရေးပညာမဟာဌာနဖွင့်လှစ်မည့် Naypyitaw State Academy ဖွင့်လှစ်ခဲ့မှုမြင်ကွင်း

၁. ၃. ၂၀၂၃
Written by Thuta Zaw

လူမှုရေးပညာမဟာဌာနကို ပထမဆုံးအနေဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီး အိန္ဒိယမှ ပါမောက္ခများက သင်ရိုးမူကြမ်းကို အကြံပေးအဖြစ် ဆောင်ရွက်ခြင်းနှင့် သင်တန်းပေးခြင်းတို့ကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ထံက သိရသည်။

လက်ရှိတွင် လူမှုရေးပညာမဟာဌာန (Faculty of Social Work) ဖွဲ့စည်းတည်ထောင်၍ လူမှုရေးပညာ ဘွဲ့ဒီဂရီပေးအပ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူမှုရေးပညာဘာသာရပ် ပထမနှစ်သင်တန်း စတင်ဖွင့်လှစ်မည်ဖြစ်ပြီး လူမှုရေးပညာဘွဲ့ (Bachelor of Social Work) ပေးအပ်ရန် စီစဉ်ထားကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်ပြီးပါက Naypyitaw State Academy တွင် လူမှုရေးပညာဘွဲ့ စတင်ပေးအပ်သွားနိုင်မည်ဖြစ်ပြီး လူမှုဝန်ထမ်းလုပ်ငန်း စိတ်ပါဝင်စားသူများအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်လာမည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။

လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနမှ ဝန်ထမ်း ၁၉ ဦးကို အိန္ဒိယနိုင်ငံရှိ Tata Institute of Social Sciences တွင် လူမှုရေးပညာမဟာဘွဲ့ရယူရန် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစ၍ ပညာသင်စေလွှတ်ခဲ့ကာ သင်ရိုးညွှန်းတမ်းမူကြမ်းကို Tata Institute of Social Sciences မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက Technical Advisor အဖြစ်လာရောက်ပြီး အကြုံပြုသုံးသပ်ပေးခြင်းနှင့် လိုအပ်သည့်သင်တန်းများ ပို့ချပေးနိုင်ရေးအတွက် အိန္ဒိယနိုင်ငံသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News