MT News

Written by Nyein Kyaw

ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၄၆ ဦးကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ကုန်ထုတ်လုပ်သား ၂၁ ဦး၊ ကုန်ထုတ်လုပ်သားသစ် ၁၈ ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် ၁၀၇ ဦး၊ စုစုပေါင်း ၁၄၆ ဦးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံက ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် လုပ်သားခေါ်ယူမှု လုံးဝမရှိခဲ့ဘဲ ၂၀၂၃ ခုနှစ်မှ ပြည်ပနိုင်ငံများမှ EPS လုပ်သားဦးရေ တစ်သိန်း ခေါ်ယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံမှ ၂၀၂၃ ခုနှစ်အတွက် ပြည်ပနိုင်ငံများမှ လုပ်သားခေါ်ယူမည့် ကဏ္ဍများမှာ ကုန်ထုတ်လုပ်ငန်းများအတွက် အလုပ်သမားဦးရေ ၇၅၀၀၀၀၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းအတွက် ၁၄၀၀၀၊ ရေလုပ်ငန်းအတွက် ၇၀၀၀၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ၃၀၀၀ နှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ၁၀၀၀ ဟု သိရသည်။ မြန်မာလုပ်သား အများစုမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းနယ်ပယ်တွင် သွားရောက်လုပ်ကိုင်ကြမှု များပြားသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News