MT News

Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁၇ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်‌ဆေးပြား ၇ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ သာစည်ဘက်သို့ မျိုးဝင်းအောင် မောင်းနှင်ပြီး မောင်ကျော်(ခ)ခွန်မောင်ကျော် လိုက်ပါလာသည့် HINO ၁၂ ဘီး မော်တော် ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁၇ ဘီလျံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၇ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဆက်စပ် စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၄)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မြင့်လွင်(ခ)ကုလားလေး အားထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *