
◾️အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများအပြင် ကျန်နိုင်ငံများအားလုံးနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်မည်
၂၄. ၄. ၂၀၂၆
Written by Nyein Kyaw
အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံကိန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးအပ်ထားသော ရည်မှန်းချက်တာဝန်များကို ကာလတိုအတွင်း အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ယမန်နေ့က ကျင်းပသည့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသည် ပြည်ပနိုင်ငံများနှင့် ထိတွေ့ဆက်ဆံ၍ အောင်မြင်အောင် ဆောင်ရွက်ခြင်းနှင့် ပြည်တွင်း၌ အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် လုပ်ငန်းများပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် နိုင်ငံတကာဆက်ဆံရေးတွင် ရန်သူကို ကြားနေဖြစ်အောင် ဆောင်ရွက်ခြင်း၊ ကြားနေကို မိတ်ဆွေဖြစ်အောင် ဆောင်ရွက်ခြင်း၊ မိတ်ဆွေကို မဟာမိတ်ဖြစ်အောင် ဆောင်ရွက်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အာဆီယံနိုင်ငံများနှင့် လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် လည်းကောင်း၊ ကျန်နိုင်ငံများအားလုံးနှင့်လည်းကောင်း ဆက်ဆံရေးပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) စီမံကိန်းတွင် ပေးအပ်ထားသော ရည်မှန်းချက်တာဝန်များကို ကာလတိုအတွင်းအောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
