March 29, 2024

၂၈. ၂. ၂၀၂၃
Written by Pan Ei

ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါရဲ့ ခွေးတွေကို ခိုးယူမှုနဲ့ စွဲချက်တင်ခံခဲ့ရဖူးတဲ့ အမျိုးသမီးတစ်ဦးဟာ လေဒီဂါဂါကို ခွေးလေးတွေ ပြန်ပေးခဲ့ပေမဲ့ ဆုငွေ ဒေါ်သာ ငါးသိန်းပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး လေဒီဂါဂါကို တရားစွဲဆိုခဲ့ပါတယ်။

တရားစွဲသူ Jennifer McBride လို့ခေါ်တဲ့ အမျိုးသမီးဟာ လေဒီဂါဂါရဲ့ ပြင်သစ်ခွေးဘီလူးအမျိုးအစား ခွေးတွေကို ခိုးယူခဲ့မှုနဲ့ ဆက်စပ်ပြီး အရင်က တရားစွဲဆိုခံရကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတုန်းက လေဒီဂါဂါရဲ့ ခွေးလေးတွေဟာ ပစ်ခတ်မှုဖြစ်စဉ်နဲ့အတူ ခိုးယူခံခဲ့ရပြီး ခွေးလေးတွေရဲ့ စောင့်ရှောက်သူလည်း သေနတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ခိုးယူမှုဖြစ်ပွားပြီး နှစ်ရက်အကြာမှာ Jennifer McBride က ခွေးလေးတွေကို ပြန်လည်ပေးအပ်ခဲ့ပြီး ပစ္စည်းခိုးယူမှု၊ လူသတ်ဖို့ ကြံစည်မှုတို့နဲ့အတူ တရားစွဲဆိုခံခဲ့ရကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။

ခွေးလေးတွေ ခိုးယူမှုဖြစ်စဉ်ကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ငါးဦးအနက် တစ်ဦးဖြစ်တဲ့ Jennifer McBride က အခုအခါမှာတော့ လေဒီဂါဂါဟာ ခွေးလေးတွေ ပြန်တွေ့ရင် အမေးအမြန်းမရှိဘဲ ဆုကြေးငွေ ဒေါ်လာငါးသိန်း ပေးအပ်မယ်ဆိုတဲ့ ကတိကို ဖောက်ဖျက်ခဲ့တယ်လို့ စွပ်စွဲကာ လိမ်လည်လှည့်ဖြားမှုနဲ့ ပြန်လည်တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။

McBride ဟာ လေဒီဂါဂါကို တရားစွဲဆိုရာမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေအတွက် လျော်ကြေး ဒေါ်လာ ၁.၅ သန်းထက်မနည်း ရယူလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *