April 24, 2024

၂၈. ၂. ၂၀၂၃
Written by Nay Aung

အိန္ဒိယနိုင်ငံတွင် နေထိုင်နေသော မြန်မာအမျိုးသမီးတစ်ဦးသည် Delhi မြို့ရှိ Kalindi Kunj အရပ်ဒေသတွင် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံခဲ့ရကြောင်း အိန္ဒိယရဲတပ်ဖွဲ့ကပြောသည်။

အဆိုပါ မြန်မာအမျိုးသမီးအား Kalindi Kunj အရပ်တွင် ကားဖြင့် အတင်းဓမ္မခေါ်ဆောင်ခံရကာ ပြန်ပေးဆွဲခံရပြီးနောက်သတိမေ့သွားချိန်တွင် လူ ၄ ဦးက အုပ်စုဖွဲ့ပြီးအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။

အဆိုပါအဖြစ်ပျက်သည် Delhi မြို့အတွင်း အံဩတုန်လှုပ်ဖွယ်ကောင်းသော သတင်းတစ်ရပ်ဖြစ်လာစေခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသော မြန်မာအမျိုးသမီးသည် အိန္ဒိယနိုင်ငံတွင် ဒုက္ခသည်အဖြစ် အမည်စာရင်းသွင်းထားသူဖြစ်ကြောင်း အိန္ဒိယDelhi မြို့ ရဲတပ်ဖွဲ့ကပြောသည်။ ရဲတပ်ဖွဲ့သည် အဆိုပါအဖြစ်ပျက်ကို ရဲစခန်းတွင်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

အိန္ဒိယရဲတပ်ဖွဲ့သည် အုပ်စုဖွဲအဓမ္မပြုကျင့်ခံရသော မြန်မာအမျိုးသမီး၏အမည်ကို အတိအကျပြောဆိုခြင်းမရှိဘဲ အမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း အိန္ဒိယသတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာထွက်ပြေးကြပြီး ဒုက္ခသည်အဖြစ်နေထိုင်ခွင့်ရရန် ကြိုးပမ်းနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ချင်းပြည်နယ်၊ စစ်ကိုင်းဒေသကြီးနှင့် မကွေးတိုင်းတို့တွင် နေထိုင်သူများသည် အိန္ဒိယနိုင်ငံနယ်စပ်ဒေသများကို သွားရောက်နေထိုင်ရန်ကြိုးပမ်းခဲ့ပြီး မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသားအနည်းဆုံး ၃၀၀၀၀ ကျော် ရှိနေကြောင်းသိရသည်။

ref — india.com

Leave a Reply

Your email address will not be published. Required fields are marked *