April 20, 2024

Written by Hey Mar
၂၈. ၂ .၂၀၂၃

တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံ့မျက်နှာ၊ လူငယ်တွေ၊ ကလေးတွေရဲ့ အနာဂတ်ကို ကြည့်ပြီး အင်အားသုံးဖြေရှင်းတဲ့ နည်းလမ်းတွေကို ဆက်လက်မကျင့်သုံးဘဲ နိုင်ငံရေးထွက်ပေါက်တစ်ခုပေးဖို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ဒီနေ့ ပြည်သူ့ပါတီရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ တိုက်တွန်းတောင်းဆို မေတ္တာရပ်ခံလိုက်ပါတယ်။

တပ်မတော်ကို ဆန့်ကျင်ရာကနေ နိုင်ငံရဲ့ အမျိုးသားရေးအမှတ်သညာတွေကိုပါထိခိုက်ရမယ့် အခြေအနေတွေဖြစ်ပေါ်နေပြီး ကိုယ်တိုင်ရဲ့ အခြေခံတန်ဖိုးတွေကိုပါ ဆန့်ကျင်မိနေကြပြီလို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လစ်ဘရယ်ဒီမိုကရေစီရဲ့ ကောင်းကွက်တွေ နားလည်လက်ခံကျင့်သုံးဖို့လည်း လိုအပ်သလို နိုင်ငံတစ်နိုင်ငံရဲ့ ရှိရမယ့် အစဥ်အလာတန်ဖိုးတွေကို လျစ်လျူရှုကာ တလွဲအဓိပ္ပါယ်ဖွင့်နေတာတွေက နိုင်ငံကို ပြန်တည့်မတ်ဖို့ အကျပ်အတည်းဖြစ်စေနိုင်ပြီး နိုင်ငံကြေမွသွားလိမ့်မယ်လို့ ပြောလာတာတွေကို MT News ရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *