March 29, 2024

၂၈. ၂. ၂၀၂၃
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများပင် အလည်လာရောက်ပါက အမှတ်တရ အထူးအဆန်းစီးနင်းလေ့ရှိကြသော ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တပ်ဖွဲ့များအသုံးပြုခဲ့သည့် Jeepneys မော်တော်ကားများကို အစိုးရ၏ သယ်ယူပို့ဆောင်ရေးခေတ်မီစေရန်အစီအစဉ်အရ ဆောင်ရွက်နေမှုအား ဖိလစ်ပိုင်ရှိ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်အုပ်စု အများအပြားကဆန့်ကျင်၍ မတ်လ ၆ ရက်မှစတင်ကာ တစ်ပတ်ကြာ ဆန္ဒပြသပိတ်မှောက်သွားရန် ပြင်ဆင်နေကြကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် Manibela သယ်သူပို့ဆောင်ရေးအုပ်စု၏ ဥက္ကဋ္ဌဖြစ်သူ Mar Valbuena က မက်ထရိုမနီလာ အမျိုးသားမြို့တော်နယ်မြေအတွင်း Jeepneys နှင့် UV Express အများပြည်သူပို့ဆောင်ရေးယာဉ်များကို မောင်းနှင်ကြသည့် ယာဉ်မောင်း ၄၀,၀၀၀ ခန့်က ဆန္ဒပြမှုတွင် ပါဝင်ကြမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောခဲ့သည်။ ထို့ပြင် ပြည်နယ်များမှ Manibela အုပ်စု၏ အဖွဲ့ဝင်များကလည်း ဆန္ဒပြမှုတွင် ပူးပေါင်းပါဝင်လာရန် မျှော်လင့်ထားကြောင်း ၎င်းကပြောခဲ့သည်။ ၎င်းက ယာဉ်မောင်းတို့၏ ဆန္ဒပြသပိတ်မှောက်မှုကို မက်ထရိုမနီလာတွင် ပြုလုပ်သွားမည်ဟု ပြောခဲ့သော်လည်း သပိတ်ကြောင့် သက်ရောက်မှုရှိမည့်လမ်းကြောင်းများကို ဖွင့်ဟပြောဆိုခြင်းမရှိခဲ့ပေ။

Mar Valbuena က ” အစိုးရအနေနဲ့ ပြည်သူတွေကိုနားလည်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တကယ်လို့ ကျွန်တော်တို့ကသာ ဒီလုပ်ရပ်ကို ဆန့်ကျင်သပိတ်မှောက်မှု မပြုကြရင် စီးနင်းသူပြည်သူတွေမှာ ဒုက္ခရောက်ကြရလိမ့်မယ်” ဟုလည်းပြောခဲ့သေးသည်။ သပိတ်မှောက်ဆန္ဒပြမှုတွင်ပါဝင်မည့် အခြားသော ယာဉ်မောင်းများနှင့် သယ်ယူပို့ဆောင်ရေးအုပ်စုများကလည်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ပိုင်ခွင့်ရယူရေးနှင့် စောင့်ကြည့်ရေးအဖွဲ့ (LTFRB) အနေနှင့် ဆက်လက်ဆောင်ရွက်သွားလျှင် ဆန္ဒပြမှုထက်မက တုံ့ပြန်သွားမည်ဟု ပြောခဲ့ကြသည်။

Jeepney ကားများနေရာတွင် ခေတ်မီအောင်ဆောင်ရွက်အစားထိုးရေးအစီအစဉ်မှာ သမ္မတဟောင်း ဒူတာတေးလက်ထက်ကပင် ချမှတ်ခဲ့သော ဦးစားပေးလုပ်ငန်းစဉ်တစ်ခုလည်းဖြစ်သည်။ ထိုအစီအစဉ်အရ အိုမင်းနေပြီဖြစ်သော (သို့မဟုတ်) ချူံးချူံးကျနေသော Jeepney ကားများကို အနားပေးရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေမည့် အဆင့်မြင့်မော်တော်ယာဉ်များ အစားထိုးရန်ဆောင်ရွက်ထားခြင်းဖြစ်သည်။ သို့သော် ယာဉ်မောင်းအုပ်စုအများအပြားက ထိုအစီအစဉ်က ကိုဗစ်-၁၉ ကာလတွင် အကျပ်အတည်းပေါင်းများစွာနှင့် ရင်ဆိုင်နေရသော Jeepney ယာဉ်မောင်းများနှင့် မော်တော်ယာဉ်လုပ်ငန်းငယ်များကို ငွေကြေးပံ့ပိုးရာရောက်စေမည်မဟုတ်ဟု ပြောခဲ့ကြသည်။

LTFRB က ခေတ်မီအောင် ပြုလုပ်ဆောင်ရွက်စေလိုသည့် Jeepney ကားများမှာ ၈၅,၀၀၀ ခန့်ရှိကြောင်းလည်း သိရသည်။

Ref—–Inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *