March 29, 2024

MT News
၂၈. ၂. ၂၀၂၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းကျေးရွာ၊ ပြည်သာလင်းအေးစေတီတော်မြတ်ကြီးနှင့် အရံစေတီ(၄၄)ဆူ ရွှေထီးတော်တင် အလှူတော်မင်္ဂလာပွဲအထိမ်းအမှတ်အဖြစ် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပွဲကြီးကို မတ်လ ၁ ရက်မှ မတ်လ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း 360 Sports မှ သိရသည်။

၂၀၂၃ ခုနှစ်၏ အကြီးကျယ်ဆုံး International Lethwei Festival ကို မြန်မာနိုင်ငံရှိ ရိုးရာလက်ဝှေ့ချစ်ပရိသတ်များသာမက ကမ္ဘာတဝှမ်းရှိ ပရိသတ်များကြည့်ရှုနိုင်ရန် 360 Sports Facebook Page နဲ့ YouTube channel ကနေ (၅) ရက်တိုင်တိုင် နေ့စဥ် နံနက် ၁၀ နာရီမှစတင်ကာ အခမဲ့တိုက်ရိုက်ထုတ်လွှင့်ပြသမည်လည်း ဖြစ်သည်။

အဆိုပါထိုးသတ်ပွဲတွင် မြန်မာပြည်၏ လက်ရှိပထမတန်းချန်ပီယံ သွေးသစ်ဝင်းလှိုင်နှင့် ကျော်စွာဝင်း၊ ရွှေရာမာန်၊ ယှူးခလိမ်းမင်း စသည့် ပရိသတ်အချစ်တော် လက်ဝှေ့ကျော်များ ထိုင်းဖိုက်တာများနှင့် ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး ၅ ချီ စိန်ခေါ်ပွဲ၊ အောင်လံပွဲ၊ အထူးပွဲ၊ မျိုးဆက်သစ်ပွဲတို့ကိုပါ တစ်ဝကြီး ကြည့်ရှုနိုင်မည်ဖြစ်သည်။

မြန်မာနှင့် ထိုင်း တွဲဆိုင်းများအဖြစ် မတ် ၂ ရက်တွင် သံသာသိမ်နှင့် နန်းဘရိုး၊ စောထူးအောင်နှင့် ဘန်ချာစိုး၊ စောမင်းအောင်နှင့် ဖလန်နူတို့ဖြစ်ပြီး မတ်လ ၃ ရက်တွင် ဟယ်လင်းနှင့် အောင်းမိုင်၊ စောမင်းမင်းနှင့် ဖက်စလီ၊ ယှူးခလိန်းမင်းနှင့် ဖိုက်တိုဒ်၊ မတ်လ ၄ ရက်တွင် သောနေထူးနှင့် ဖဲစဲစစ်မတ်၊ အဲမွီနှင့် ကော့နန်းဖား၊ ရွှေရာမာန်နှင့်ဒီးဒုတ်၊ မတ်လ ၅ ရက်တွင် ဒေါနဘိုမနှင့် ကောလာစဝ်၊ ကျော်စွာဝင်းနှင့် ဖားမီချိုင်း၊ သွေးသစ်ဝင်းလှိ့င်နှင့် ဖားစူလှတို့က ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *