April 19, 2024

ရွှေလီ နယ်စပ်ဂိတ် မြင်ကွင်း

၂၈. ၂. ၂၀၂၃
Written by Thuta Zaw

ရွှေလီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီးနောက် အဝင် အထွက်ခရီးသည် စုစုပေါင်း ၆၀၀၀၀ အထိ ရှိပြီ ဖြစ်ကာ ဆက်တိုက် မြင့်တက်လာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံက သိရသည်။

ရွှေလီနယ်စပ်ဂိတ်တွင် ဇန်နဝါရီ ၂၅ ရက်က စတင်ကာ ခရီးသည် ဝင်ထွက်သွားလာမှု ပြန်လည်စတင်ခဲ့ပြီးနောက် ပြည်ဝင်ပြည်ထွက် ခရီးသည်အရေအတွက် ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ပြီး တစ်ရက်အတွင်း အဝင်အထွက်ခရီးသည် အများဆုံးပမာဏမှာ ၃၅၀၃ ဦး အထိရှိကာ အဝင်အထွက်ခရီးသည် စုစုပေါင်းဦးရေမှာ ၆၀၀၀၀ ကျော် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

“အခုဆိုရင် ပြည်ဝင်တဲ့အခါ ၄၈ နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်မရှိကြောင်း စစ်ဆေးမှုရလဒ်နဲ့ သက်တမ်းရှိ ပြည်ဝင်ပြည်ထွက်လက်မှတ် ကိုင်ဆောင်ထားဖို့ပဲ လိုပါတယ်။ အသွားအပြန်လုပ်ရတာ အရမ်းအဆင်ပြေတယ်” ဟု မြန်မာနိုင်ငံသား နိုင်ငံခြားကုန်သွယ်ရေးလုပ်ကိုင်သူ ကုန်သည် ဦးမောင်ဝင်းက ပြောကြားကြောင်း တရုတ်သံရုံးက ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အရေးပါနယ်စပ်ဂိတ်တစ်ခုဖြစ်သော မုန်တိန်-ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ခရီးသည်များ ဂိတ်ဖြတ်သန်းသွားလာမှုကို အပြည့်အဝ ပြန်လည်စတင်ခဲ့ကာ ခရီးသည်များ ဂိတ်ဖြတ်သန်းသွားလာမှု ပြန်လည်စတင်သည့်နေ့တွင် ပြည်ဝင်ပြည်ထွက်လုပ်ငန်းစဉ်များ လာရောက်ဆောင်ရွက်ကြသည့် ခရီးသွားများပြားခဲ့ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *