April 19, 2024

၂၈. ၂. ၂၀၂၃
Written By Thandar

ပရိသတ်အားပေးမူကို ရရှိထားတဲ့ တေးရေး တေးဆို ကောင်းကောင်းကတော့ မကြာခင်ထွက်ရှိလာမယ့် “ပဲခူးသူ” Music Video မှာ သရုပ်ဆောင်အနုပညာရှင်တွေက ဘာမှမဖြစ်ပေမယ့် သူကတော့ ကြောက်စိတ်ကို မနည်းကြိုးစားစွန့်စားပြီး သရုပ်ဆောင်ခဲ့ရပါတယ်လို့ ဆိုပါတယ်။

ဒီသီချင်းဟာ ပဲခူးသူတွေရဲ့ အလှတရားကို တေးရေး ဆရာ ကိုစုက ဖော်ကျူးပေးထားပြီး မတ်လ ၃ ရက်မှာ သီချင်းထွက်မယ်လို့ သိရပါတယ်။

“ပဲခူးသူ တစ်ယောက်ဟာ ချောတယ် လှတယ်ဆိုတဲ့ အကြောင်းလေးကို ပုံဖော်ထားတာပါ။ တေးရေးဆရာဆီက ဒီသီချင်းကို ယူထားတာလည်း နည်းနည်းကြာပါပြီ။ ခေတ်ကာလအနေအထားအရ ခုမှပဲ သီချင်းလေး ထွက်ဖြစ်တာပါ။ ဒီသီချင်းလေးကို အပင်ပန်းခံပြီး ရိုက်ထားတယ်။ ဒီသီချင်းလေးအတွက်လည်း ရင်ခုန်ပါတယ်။ Love ဆိုတာထက် ကောင်မလေးကို ပဲခူးသူလေးတွေချစ်ဖို့ကောင်းတယ် အရမ်းချောတဲ့ ကိုယ်က နောက်ကလိုက်ကြောင်တဲ့ အထာလေးပါ”လို့ သူကဆိုပါတယ်။

ပဲခူးသူ တေးသီချင်းမှာ ဒါရိုက်တာ JP@ John Peter က သရုပ်ဆောင်တွေဖြစ်တဲ့ မြင့်မြတ်၊ စိုင်းစည်တွမ်ခမ်း၊ ကေညီ၊ ကောင်းကောင်း၊ ထွန်းပုလဲရတနာ၊ မေသစ်လွင်တို့အပြင် ကောင်းကောင်းရဲ့ ချစ်ဇနီး မိန်းမိန်းကလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ Mixing & Mastering ကို ချစ်စမ်းမောင်က ဖန်တီးပေးထားပြီး Salt Band နဲ့တီးခတ်ထားတယ်လို့လည်း သိရပါတယ်။

“မြင့်မြတ်၊ ကိုစိုင်းစည်တွမ်ခမ်းတို့နဲ့လည်း အလိုက်တသိလေး သရုပ်ဆောင်ထားတယ်။ ကျွန်တော် သရုပ်ဆောင်ရတာလည်း ဝါသနာပါပါတယ်။ တစ်ခါတလေပေါ့ ။ အသက်ကြီးလာတဲ့အခါ ကိုယ့်သားသမီးတွေကို တွေ့လား ပါးပါးသရုပ်ဆောင်ထားတယ် တွေ့လားဆိုတဲ့ သမိုင်းတစ်ခုအနေနဲ့ပြချင်လို့ သရုပ်ဆောင်ဖြစ်တာပါ။ MTV ရိုက်ချိန်မှာ ပဲခူးတစ်ရွာလုံး တခြားရွာတွေကပါ လာကြည့်ကြတာပါ။ ကျွန်တော်ရိုက်ခဲ့တဲ့ Music Video ထဲမှာ ဒီလောက်လူများတာ မတွေ့ဖူးဘူး။ သရုပ်ဆောင်အနုပညာရှင်တွေက ဘာမှမဖြစ်ပေမယ့် ကိုယ်တွေက ကြောက်စိတ်ကို မနည်းကြိုးစားစွန့်စားပြီး သရုပ်ဆောင်ခဲ့ရပါတယ်” လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *