


၁၉.၄.၂၀၂၆
Written By Thandar
မင်းသားချော အောင်ဇမ္ဗူရဲ့ A မိုက်စားနှစ်ပါးသွားပွဲကြီးကို လာမယ့် ဧပြီ ၂၅ ရက်မှာ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Hexagon Complex (ရွှေထွဋ်တင်)မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်။
“အောင်ဇမ္ဗူ A မိုက်စား နှစ်ပါးသွားပွဲလက်မှတ်တွေကို ယနေ့ကစပြီးတော့ ရန်ကုန်မြို့ Junction City Samsung showroom မှာ April ၁၉၊ ၂၀၊ ၂၂ (၃) ရက်လုံးမှာရောင်းချပေးမှာပါ။ ပွဲလက်မှတ်တွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူကြရမှာပါ။ ပွဲလက်မှတ်က အရေအတွက်ကန့်သတ်ထားတာဖြစ်လို့ အမြန်ဆုံးဝယ်ယူပါလို့ ပြောချင်ပါတယ်”လို့ ပွဲစီစဥ်သူ ကန်ထရိုက်ကိုကျော်ဇေယျက ပြောပါတယ်။
အဆိုပါ A မိုက်စားနှစ်ပါးသွားပွဲကြီးမှာ အကောင်းဆုံးပြင်ဆင်ထားပြီး ညနေ ၆နာရီကနေ ည ၁၂နာရီအထိ မင်းသားလေးနဲ့အတူ ပျော်စရာ Activities တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ Surprise အစီအစဉ်တွေရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။
ပွဲလက်မှတ်ဈေးနှုန်းတွေအနေနဲ့ GA ကျပ် ၆ သောင်းခွဲ၊ VIP Back ကျပ် ၈ သောင်း စတဲ့စျေးတွေနဲ့ VIP Front ကို Samsung eStore: bit.ly/3Y4Qf76 နဲ့ Selected showroom တွေဖြစ်တဲ့ Junction Square၊ Junction City၊ Inno City၊ Terminal M၊
စတဲ့နေရာမှာ ဝယ်ယူနိုင်မှာလည်းဖြစ်တယ်လို့ သိရပါတယ်။
