




သက်တံ့
၁၉. ၄. ၂၀၂၆
အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင်တဲ့ ချင်းအမျိုးသားတစ်ဦးဖြစ်သူ ဆလိုင်း ဗျက်လျန်မန် (Salai Biak Hlei Mang) ဟာ ရှေ့တန်း တစ်နေရာမှာ
ဧပြီ ၁ ရက်နေ့က ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးသွားတဲ့ အသက် ၂၃ နှစ်အရွယ် ဆလိုင်း ဗျက်လျန်မန်ရဲ့ ရုပ်အလောင်းကို မိသားစုထံရောက်ရှိပြီးနောက်မှာ ၁၄ ရက်တိုင်တိုင် ဝမ်းနည်းဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီး ဧပြီ ၁၇ ရက်နေ့မှာ သူ့မိသားစုနေထိုင်ကြတဲ့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပူးလစ်မှာ မြေမြှုပ် သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဆလိုင်း ဗျက်လျန်မန်ဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဗောင်းတူကျေးရွာဇာတိဖြစ်ပြီး အမေရိကန်နိုင်ငံမှာ မိသားစုနဲ့ နေထိုင်ရင်း အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်သူတစ်ယောက်ဖြစ်ခဲ့သလို လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံအတွက် အသက်ပေးလှူသွားခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။
Photo & Video Lang Le Sun, Awite Chuntei
