




၁၆. ၄. ၂၀၂၅
Photo JM
နှစ်ဟောင်းမှအညစ်အကြေးများကို ဆေးကြောဖယ်ရှားကာ နှစ်သစ်ကိုကြိုဆိုသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက်ကျင်းပလျက်ရှိရာ နောက်ဆုံးနေ့ဖြစ်သည့် မကွေးမြို့၊ လမ်းလျှောက်မဟာသင်္ကြန် (အတက်နေ့)၌ မကွေးမြို့ဒေသခံပြည်သူများအပြင် ရပ်ဝေးရပ်နီးမှ မိဘပြည်သူများပါ ပျော်ရွှင်စွာလာရောက်ရေကစားသူများဖြင့် တိုးမပေါက်အောင်စည်ကားလျက်ရှိသည်။
မကွေးမြို့ လမ်းလျှောက်သင်္ကြန်မဟာပွဲတော်တွင် ဗဟိုမဏ္ဍပ်၌ ဌာနဆိုင်ရာယိမ်းအဖွဲ့ လှပျိုဖြူများ၊ ရပ်ကွက်အသီးသီးမှ ယိမ်းအဖွဲ့လှပျိုဖြူများက ယိမ်းအကပြိုင်ပွဲများဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ တေးသံရှင်များကလည်းတေးသီချင်းများဖြင့်သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။
ထို့အတူ မြို့ပေါ် ရှိ ရပ်ကွက်/လမ်းများအလိုက် အများပြည်သူ ရေကစားမဏ္ဍပ်တို့တွင်လည်း ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
