









၁၄.၄.၂၀၂၆
Written by Linn Eain
သင်္ကြန်အကျနေ့(ဧပြီ ၁၄ ရက်) နံနက်ပိုင်းတွင်
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ “မြန်မာနှစ်သစ်ကူးအတာသင်္ကြန်” ဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ်၊ ရေကစားသူများ အကြိုနေ့ထက် ပိုမိုများပြားခဲ့ကြောင်း သိရသည်။
နေ့လယ် ၁၂ နာရီ ရေပက်ခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များခေတ္တရပ်နားချိန်တွင် ပြည်သူ့ရင်ပြင်သို့ လာရောက်လည်သူများ လမ်းလျှောက်ပြန်လည်ထွက်ခွာချိန်တွင် ပြည်သူ့ရင်ပြင်ရှေ့မှ မြေနီကုန်း ကုန်းကျော်တံတားအောက်၊ ပြည်လမ်းတစ်လျှောက် မြေနီကုန်းကားမှတ်တိုင်အထိ လူတန်းရှည်လျားခဲ့ကြောင်း သိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ဧပြီ ၁၆ ရက်အထိ ကျင်းပလျက်ရှိပြီး မြန်မာ့နှစ်ဆန်းတစ်ရက်နေ့(ဧပြီ ၁၇ ရက်)တွင် ဘုရားစေတီပုထိုးများတွင် ကုသိုလ်ပြုခြင်း၊ အလှူဒါနပြုလုပ်ခြင်းတို့ လုပ်ဆောင်ကြမှာဖြစ်သည်။
