


၁၄.၄.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လျှပ်စစ်ကား (EV) ထုတ်လုပ်သူ BYD ကုမ္ပဏီက ရှန်ကျန်းမြို့ရှိ ကုမ္ပဏီ၏ ကားရပ်နားရန်နေရာတွင် ယနေ့ ဧပြီလ ၁၄ ရက်နေ့ မနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။
BYD က အဆိုပါကားရပ်နားရန်နေရာမှာ ရှန်ကျန်းစက်မှုဇုန်အတွင်းရှိကာ စမ်းသပ်ပြီး စွန့်ပစ်ထားသော ကားများအတွက် ရပ်နားရန်နေရာဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ကားထုတ်လုပ်သူက မီးကို ငြှိမ်းသတ်နိုင်ခဲ့ပြီးဖြစ်ကာ မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
လျှပ်စစ်ကားကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ရုံးချုပ်သည် တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့ရှိ ပင်ရှန်ခရိုင်တွင် တည်ရှိသည်။
မီးလောင်ကျွမ်းမှုကြီးကြောင့် မီးခိုးမည်းမည်းများ ကောင်းကင်သို့ တက်သွားပြီး မီးသတ်ကားများနှင့် ရဲများ ချထားကာ အထပ်များစွာပါ အဆောက်အအုံ၏ ရှည်လျားသော အပိုင်းကို မီးတောက်များ ဖြန့်ကျက်ကာ Reuters မှ ပြန်လည်သုံးသပ်ပြီး အတည်ပြုထားသော ဗီဒီယိုများကို ပြသခဲ့သည်။
ကျွမ်းကျင်သူများ၏ အဆိုအရ EV များသည် အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်ပါသော ကားများနှင့် ကွဲပြားစွာ လောင်ကျွမ်းပြီး မီးများသည် မကြာခဏ ပိုမိုကြာရှည်ပြီး ပြန်လည်စတင်လေ့ရှိသောကြောင့် ငြှိမ်းသတ်ရန် ပိုမိုခက်ခဲသည်။
မီးလောင်ကျွမ်းမှုကြီးကြောင့် မီးခိုးမည်းမည်းများ ကောင်းကင်ယံသို့ မြင့်တက်လာပြီး အထပ်များစွာပါ အဆောက်အအုံ၏ ရှည်လျားသော အပိုင်းကို မီးလျှံများ ဖုံးလွှမ်းလာသဖြင့် မီးသတ်ကားများနှင့် ရဲများ ရောက်ရှိလာခဲ့ကြသည်။
ကျွမ်းကျင်သူများက လျှပ်စစ်ကားများသည် မီးလောင်ကျွမ်းမှုဖြစ်လျှင် အတွင်းပိုင်းလောင်စာအင်ဂျင်ပါသောကားများနှင့် ကွဲပြားစွာ လောင်ကျွမ်းကြကြောင်း၊ မီးလောင်ကျွမ်းမှုက ငြှိမ်းသတ်ရန်ခက်ခံပြီး ပြန်လည်စတင်လောင်ကျွမ်းလေ့ရှိသောကြောင့် မီးမှာပို၍ တာရှည်တတ်ကြောင်း ပြောကြသည်။
Ref- Reuters
