







၁၃. ၄. ၂၀၂၆
Photo – ThaDoe
၂၀၂၅ မန္တလေးငလျင်ကြီးကြောင့် သင်္ကြန်မကျင်းပချိန်မှာတောင် ရန်ကုန်ရဲ့အစည်ဆုံးသင်္ကြန်ဖြစ်ခဲ့တဲ့ ကျောက်မြောင်းသင်္ကြန်ဟာ ဒီနှစ်လို နိုင်ငံတော်အဆင့် မဟာသင်္ကြန်ပွဲတော် ကျင်းပနေချိန်မှာတော့ အကြိုနေ့တင်ကို မနက်ပိုင်းတင်မက နေ့လယ်ခင်းအထိပါ ကျားကွက်သစ်နဲ့ သတိပဌာန်လမ်းမကြီးတစ်လျှောက်မှာ ရေပက်ကစားသူ၊ သနပ်ခါးလူးသူ၊ ရေပက်ခံသူတွေနဲ့ စည်ကားနေပြီဖြစ်ပါတယ်။
UNESCO အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် မြန်မာ့သင်္ကြန်ဆိုတာဟာ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောဖိုနဲ့ နှစ်သစ်ကို အေးချမ်းစေဖို့ရည်ရွယ်ကျင်းပတဲ့ ရိုးရာအတာသင်္ကြန်ပွဲတော်ပါ။
ဒီလို ရိုးရာအတာသင်္ကြန်ပွဲတော်ဟာ လူတစ်စု၊ အစိုးရတစ်ဖွဲ့နဲ့ သက်ဆိုင်တာမဟုတ်ဘဲ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့နိုင်ငံသားတိုင်းရဲ့ ရိုးရာအမွေအနှစ်ဖြစ်ပြီး ဒီလိုအမွေအနှစ်ဟာ ပြည်သူပျော်ရွှင်တာ မမြင်လိုသူ ညစ်စုတ်ယုတ်မာတဲ့လူတစ်စုကြောင့် မညစ်နွမ်းသင့်သလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အတာသင်္ကြန်ကို ပျော်ပျော်ပါးပါးဆင်နွှဲတာကပဲ အမိတိုင်းပြည်ရဲ့ ယဥ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းပါပဲ။
