
၁၃.၄.၂၀၂၆
Written By Thandar
အသည်းရောဂါနဲ့ ဆေးကုသမှုခံယူနေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဟာသ သရုပ်ဆောင် လူရွှင်တော်သိန်းဇံ အသက် ၆၂ နှစ်ဟာ ယနေ့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ မနက် ၄ နာရီအချိန်က ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။
“ကျွန်တော်တို့ အနုပညာလောက,က လောကသားတစ်ဦး ဆုံးရှုံးသွားရတဲ့အတွက် မိသားစုနဲ့အတူဝမ်းနည်းရတယ်။ ကျွန်တော်တို့ကို အပြုံးတွေ ပေးခဲ့သူလို့လည်း ပြောလို့ရတယ်။ ရယ်စရာဟာသတွေနဲ့ ဘဝအမောတွေ ပြေစေခဲ့တဲ့ လူရွှင်တော်ကြီးပေါ့။ ဘာမှမပြောလိုတော့ပါဘူး။ သူရော ကိုနေကျော်ရော သွားကြတော့မယ်ဆိုတာ ကြိုသိနေတဲ့အတွက် နှမြောတသဝမ်းနည်းမိတာကလွဲလို အခြားပြောစရာမရှိပါဘူး။ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်”လို့ လူရွှင်တော် သရုပ်ဆောင် ကောင်းကျော်က ပြောပါတယ်။
သူဟာအသည်းခြောက်ရောဂါ စဖြစ်ရာကနေအစာအိမ်သွေးကြောပေါက်တဲ့နောက်ဆက်တွဲဒဏ်ရာကြောင့် ပြင်းထန်တဲ့ ရောဂါခံစားနေခဲ့ရသူလည်းဖြစ်ပါတယ်။
