





၁၃.၄.၂၀၂၆
Written by Linn Eain
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်တည်ရှိသည့် “မြန်မာနှစ်သစ်ကူးအတာသင်္ကြန်” ဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်သို့ အကြိုနေ့(ဧပြီ ၁၃ ရက်)နံနက်ပိုင်းက စတင်၍ လာရောက်လည်ပတ်၊ ရေကစားသူများ တစတစ များပြားလာလျက်ရှိကြောင်း သိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ဧပြီ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့နှစ်ဆန်းတစ်ရက်နေ့(ဧပြီ ၁၇ ရက်)တွင် ဘုရားစေတီပုထိုးများတွင် ကုသိုလ်ပြုခြင်း၊ အလှူဒါနပြုလုပ်ခြင်းတို့ ဆောင်ရွက်ကြမည်ဖြစ်သည်။
