




၁၃.၄.၂၀၂၆
Written by Nay Yaung
ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ ရန်ကုန်လမ်းလျှောက်သင်္ကြန်ကို ယနေ့ အကြိုနေ့( ဧပြီ ၁၃ ရက်) နံနက် ၈ နာရီကစတင်၍ ဖွင့်လှစ်ခဲ့ပြီး စတင်ရေပက်ကစားလျက်ရှိသည်။
ရန်ကုန်လမ်းလျှောက်သင်္ကြန်ကို နံနက် ၇ နာရီမှ ညနေ ၆ နာရီထိ သင်္ကြန်ရေလွှတ်ပေးထားပြီး မဏ္ဍပ်အသေးနှင့် အစားအသောက်ဈေးဆိုင်ခန်းပေါင်း ၂၄ ခုကျော် ပါဝင်ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
