






၁၃.၄.၂၀၂၆
Photo by Nay Yaung
၁၃၈၇ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ယနေ့ သင်္ကြန်အကြိုနေ့(ဧပြီ ၁၃ ရက်) နံနက် ၇ နာရီခွဲတွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲတွင် ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီးနောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ယိမ်းအကအဖွဲ့ဝင် ၆၀၀ ခန့်၊ ယိမ်းအဖွဲ့စုစုပေါင်း ၄၅ ဖွဲ့ ပါဝင်ကပြ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ရေပန်းများ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
