




၁၃.၄.၂၀၂၆
Written by KL
ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြိုင်ကလေးနယ်မြေ၊ ဘားကပ်ကျေးရွာ၊ လင်းနို့ဂူနှင့် သံလွင်မြစ်သောင်ထွန်းသည့်နေရာအနီး သံလွင်မြစ်အတွင်း ရေနစ်ပျောက်ဆုံးနေသော ဆယ်ကျော်သက်လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ဧပြီလ ၁၂ ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် မြန်မာနိူင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ကရင်ပြည်နယ်ထံမှ သိရသည်။
ဧပြီလ ၁၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က လူငယ်နှစ်ဦး သံလွင်မြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်ပျောက်ဆုံးသူနှစ်ဦးကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ကရင်ပြည်နယ်၊ ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက ဝိုင်းဝန်းရှာဖွေခဲ့ရာ ဧပြီလ ၁၁ ရက် ည ၈ နာရီ ၄၀ မိနစ်တွင် အသက် ၁၅ နှစ်အရွယ် ယောကျ်ားလေး၏ ရုပ်အလောင်းနှင့် ဧပြီလ ၁၂ ရက် နံနက် ၈ နာရီ မိနစ် ၄၀ တွင် အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေး၏ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။
သေဆုံးသူလူငယ်နှစ်ဦး၏ ရုပ်အလောင်းကို မာဃလူမှုကူညီရေးအသင်းမှ အသင်းဝင်များနှင့် ပေးဆပ်သူလူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်များက ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
