၂၇. ၂. ၂၀၂၃

Written By Thandar, Haymar

မာန်ထက်ချီ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မဲ့ Fancy, Drama “တစ်ခါမိုက်” The Series စာနယ်ဇင်း မိတ်ဆက်ပွဲကို ရန် ကုန်မြို့ အလုံမြို့နယ်ရှိ Grand United Alone Hotel မှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်လမ်းဟာ လူ့ဘဝမှာ တစ်ခါလေးမိုက်လိုက်မိတာနဲ့ နောက်ဆက်တွဲ ဝမ်းနည်းစရာတွေ မိသားစုဘဝနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ဘယ်လောက်အထိ ဒုက္ခရောက်စေလဲ ဆိုတာကို တင်ဆက်ထားတဲ့ Fancy နဲ့ Drama ဇာတ်လမ်းလေးပါ။ ပရိသတ်တွေ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားဖြစ်အောင် ဖန်တီးထားပါတယ်”လို့ ဒါရိုက်တာ အောင်ဇော်လင်းက ပြောပါတယ်။

ဒီဇာတ်ကားကို ဇာတ်လမ်း အက်စစ် ၊ ဇာတ်ညွှန်း အေးသီရိကိုက ရေးသားပြီး ဒါရိုက်တာ အောင်ဇော်လင်းက သရုပ်ဆောင်တွေဖြစ်တဲ့ ဟိန်းဝေယံ၊ မင်းဦး၊ အောင်လေး၊ ရတနာဗိုလ်၊ ခိုင်နှင်းဝေ၊ ချောကလျာ၊ Ella ရွှေစင် စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားသလို ဇာတ်ဝင်တေးသီချင်းကို အဆိုတော်ကောင်းကောင်းက ပါဝင်သီဆိုထားပြီး ဟိန်းဝေယံနဲ့အတူ ညီမဖြစ်သူ Ella ရွှေစင်လည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

“တစ်ခါမိုက်” ဇာတ်လမ်းတွဲကို Channel K ရုပ်သံလိုင်းကနေ မတ်လ ၁၁ ရက် ည ၇နာရီမှာ စတင် ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News