MT News

Written by Nyein Kyaw

သင်္ဃန်းကျွန်းမြို့နယ် (ဆ/က) ရပ်ကွက်၌ တိုက်ခန်းဝရံတာတွင် အဝတ်လှန်းရာမှ အောက်သို့ချော်ကျခဲ့သည့် အသက် ၂၀ အရွယ်အမျိုးသား ပေါင်ကျိုးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၇ရက် ည ၇ နာရီ ၄၀ မိနစ်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်၊ သမာဓိ ၃ လမ်းရှိ တိုက်ခန်းနှစ်လွှာ၌ အဝတ်လှန်းရာမှ ချော်ကျခဲ့သဖြင့် သက် ၂၀ ရွယ် အမျိုးသားတစ်ဦး ပေါင်ကျိုးခဲ့ခြင်းဖြစ်သည်။

“အဝတ်လှန်းတာကနေ ‌အရှိန်လွန်ပြီးကျတာ။ အဝတ်တန်း Steel ချောင်းပါ သူ့လက်နဲ့ပါလာတာ။ ခေါင်းနဲ့မကျလို့ ခေါင်းနဲ့ကျရင် မလွယ်ဘူး။ အခုတော့ နီးစပ်ရာ ဆေးဂုံကို ဝိုင်းပြီးပို့ကြတာ အနီးစပ်ဆုံးကတော့ စံပြဆေးရုံပဲ ဘယ်ကို ပို့ကြမလဲတော့မသိဘူး” ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိခဲ့သည့် အမျိုးသားမှာ ‌”ခြေထောက်နာတယ်”ဟု အော်နေပြီး ရပ်ကွက်မှလူများက ဝိုင်းဝန်းကူညီ၍ အနီးစပ်ဆုံးဆေးရုံကို ပို့ပေးရန်အတွက် ခေါ်ဆောင်သွားကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News