




၁၁. ၄. ၂၀၂၆
Written by MMAK
◾ အာဆင်နယ် Vs ဘုန်းမောက်
အာဆင်နယ်အသင်းက ချန်ပီယံလိဂ် ကစားရဖို့ရှိပေမဲ့ ပရီးမီးယားလိဂ်ဖလားက ပထမဦးစားပေးဖြစ်မယ်လို့ ထင်တာကြောင့် ဒီပွဲကို အပြည့်အဝ အာရုံစိုက်လာဖို့များပါတယ်။ မန်စီးတီးအသင်းက ချဲလ်ဆီးအသင်းနဲ့ ပွဲကြပ်ကစားရဖို့ ရှိသလို နောက်တစ်ပတ်မှာဆိုရင်လည်း အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ ထိပ်တိုက်တွေ့ဖို့ ရှိနေပါတယ်။ ဘုန်းမောက်အသင်းက နောက်ဆုံးဆယ့်နှစ်ပွဲဆက် ရှုံးပွဲမရှိထားဘူးဆိုပေမဲ့ သရေပွဲ ပိုများနေတာ တွေ့ရပြီး နောက်ဆုံးငါးပွဲမှာ တစ်ပွဲသာ ဂိုးပေါ်ထားတာကိုလည်း တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ပေါက်ပါတယ်။ အာဆင်နယ်အသင်း နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲလုံးမှာ ခြေစွမ်းက စုတ်ပြတ်နေပြီး တည်ငြိမ်မှု ကင်းမဲ့နေတဲ့ ပုံစံမျိုး တွေ တွေ့ရပါတယ်။ တောင်ပံနှစ်ဖက်က ဆာကာနဲ့ထရောဆက်တို့ မပါနိုင်ချိန်မှာ ပွဲထွက်ခွင့်ရနေတဲ့ မာတင်နယ်လီနဲ့ မာဒူကီတို့ရဲ့ ခြေစွမ်းက သာမာန်ထက်မပိုပါဘူး။ ပေါက်ကြေးအရကြည့်မယ်ဆိုရင် အာဆင်နယ်အသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပေမဲ့ ဂိုးပြတ်ဖို့ ခက်မယ်လို့ ယူဆပါတယ်။ အာဆင်နယ်ကွင်းမှာ ဘုန်းမောက်အသင်းက ခံစစ်ပိတ်ကစားလာမှာ ဖြစ်သလို အာဆင်နယ်တိုက်စစ်ကလည်း အညံ့ဘက်ရောက်နေတာကြောင့် သွင်းဂိုးတွေအများကြီး မြင်ရမယ်လို့ မထင်ပါဘူး။ တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်ပြီး ပွဲပြီးသွားနိုင်သလို နှစ်ဂိုးတစ်ဂိုးလောက်နဲ့ ပွဲပြီးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအတွက်ကြောင့် အာဆင်နယ်အသင်းကို ဘက်ကန်ပြီး ဘုန်းမောက်ဘော်ဒီနဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။
◾လီဗာပူး Vs ဖူဟမ်
ချန်ပီယံလိဂ်မှာ PSG အသင်းကို စိတ်ပျက်စရာ ခြေစွမ်းနဲ့ နှစ်ဂိုးပြတ်ရှုံးထားတဲ့ လီဗာပူးအသင်းအနေနဲ့ ဒုတိယအကျော့အိမ်ကွင်းပွဲမှာ အားထည့်ကစားမယ်ဆိုရင် ဒီပွဲကို ဂိုးပြတ်နိုင်ဖို့ ခက်ပါလိမ့်မယ်။ ဖူဟမ်ကလည်း ဥရောပဝင်ခွင့်တစ်နေရာကို မျှော်လင့်လို့ရတာကြောင့် ခြေစွမ်းပိုင်းနဲ့စိတ်ဓာတ်ပိုင်း ကျဆင်းနေတဲ့ လီဗာပူးအသင်းကို ကောင်းကောင်းယှဥ်ကစားနိုင်တယ်လို့ ထင်ပါတယ်။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံး ပေါက်ပါတယ်။ ဘော်ဒီကြေးအရ လီဗာပူးအသင်း နှစ်ဂိုးပြတ်ဖို့ ခက်မယ်လို့ ယူဆရမှာဖြစ်ပြီး ဂိုးပေါင်းကြေးအရဆိုရင် ဖူဟမ်အသင်း သွင်းဂိုးရဖို့များတယ်လို့ ယူဆရမှာဖြစ်တယ်။ လီဗာပူးအသင်းမှာ စည်လုံးမှုပြိုကွဲနေပြီး နည်းပြအာနေးစလော့ကလည်း ဖိအားတွေအောက် ရောက်နေသလို ဆာလက်ကလည်း ခြေစွမ်းမပြနိုင်တဲ့ အခြေအနေတွေကြောင့် လီဗာပူးအသင်းရဲ့ ခြေစွမ်းပိုင်းက အားရစရာ မရှိပါဘူး။ ဒီပွဲစဥ်မှာ ဖူဟမ်အသင်း သေချာပေါက် ဂိုးရမယ်လို့ ယူဆထားတာကြောင့် လီဗာပူးအသင်းရဲ့ အနိုင်က ပြတ်သားမယ်လို့ မထင်ပါဘူး။ ပြားသုံးဆယ်နဲ့ အပြည့်စားနဲ့ ရင်းရမယ်လို့ ထင်တာကြောင့် အောက်အသင်းဖြစ်တဲ့ ဖူဟမ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ဘရန့်ဖို့ Vs အဲဗာတန်
နှစ်သင်းလုံးက အဆင့်ခုနစ်နဲ့ရှစ်မှာ အထက်အောက် ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမဲ့ အဆင့်ငါးနေရာက လီဗာပူးအသင်းနဲ့ သုံးမှတ်သာ ကွာပါတယ်။ ဘရန့်ဖို့အသင်းက အိမ်ကွင်းကောင်းတဲ့ အသင်းမျိုးဖြစ်ပြီး အဲဗာတန်အသင်းကလည်း အဝေးကွင်းပိုကောင်းတဲ့ဆိုတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်ဘရန့်ဖို့အသင်းက ဘော်ဒီကြေး ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး ခုနစ်ဆယ်အရှုံးပေါက်ပါတယ်။ ပေါက်ကြေးဖွင့်လှစ်မှုက ခြေစွမ်းပိုကောင်းတဲ့ အဲဗာတန်အသင်းရဲ့ အနေအထားကိုကြည့်ပြီး ဖွင့်လှစ်ထားတယ်လို့ ပြောလို့ရပါတယ်။ သရေကျသွားနိုင်လို့ ဘော်ဒီကြေးကို ပြားခြောက်ဆယ်သာ ပေးထားသလို တစ်ပွဲကို တစ်ဂိုးလောက်ဘဲ ပေးရတဲ့ အဲဗာတန်ခံစစ်ကြောင့် ဂိုးပေါင်းကြေးကိုလည်း ပြားသုံးဆယ်လောက် လျှော့ချထားတာမျိုး တွေ့ရပါတယ်။ ဒီပေါက်ကြေးက အပေါ်စုံအောင်နိုင်တဲ့ ပေါက်ကြေးမျိုး မဟုတ်ဘဲ အောက်ကြေးတစ်ခုတော့ သေချာပေါက် ပြန်စားနိုင်သလို နှစ်ခုလုံးလည်း အနိုင်ရသွားနိုင်ပါတယ်။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားမယ်လို့ ယူဆထားတာကြောင့် အောက်အသင်းဖြစ်တဲ့ အဲဗာတန်ဘော်ဒီနဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။
◾ဘန်လေ Vs ဘရိုက်တန်
တန်းဆင်းဇုန်ထဲက ဘန်လေအသင်းအနေနဲ့ လက်ကျန်ခုနစ်ပွဲလုံး အနိုင်ရရင်တောင် တန်းတင်ကျန်ဖို့ မလွယ်တော့ပါဘူး။ ဘရိုက်တန်က ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ခြောက်မှတ်သာ ကွာဟပြီး ဥရောပဝင်ခွင့်တစ်နေရာကို မျှော်လင့်လို့ရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီပွဲစဥ်မှာ ဘရိုက်တန်အသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ ဘရိုက်တန်အသင်းမှာ တိုက်စစ်မှူးဝဲလ်ဘတ်က ဂိုးသွင်းခြေတွေ့နေပြီး ယာကူဘူနဲ့မီတိုမာတို့ရဲ့ တောင်ပံနှစ်ဖက်ကလည်း လုပ်အားနှုန်းတော်တော်လေးကောင်းနေပါတယ်။ ဘန်လေက ပွဲစဥ်တိုင်းကို တိုက်စစ်ဖွင့်ကစားနေပြီး ပွဲတိုင်းဂိုးပေးနေရသလို နောက်ဆုံးငါးပွဲဆက်လည်း နိုင်ပွဲမရထားပါဘူး။ ပေါက်ကြေးအရဆိုရင် ဘရိုက်တန်အသင်းက တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားဖို့များနေပြီး တိုက်စစ်ဖွင့်ကစားမဲ့ အိမ်ရှင်ဘန်လေအသင်း တစ်ဂိုးရမယ်ဆိုရင် ဂိုးပေါ်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲစဥ်မှာ ဘရိုက်တန်အသင်းက နှစ်ဂိုးတစ်ဂိုးလောက်နဲ့ အနိုင်ရသွားမယ်လို့ ထင်တာကြောင့် ဘရိုက်တန်ဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ပေးချင်ပါတယ်။
