MT News

Written by Min Mahar

နွားထိုးကြီးမြို့နယ်တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးအား PDF များက သတ်ဖြတ်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီခန့်​က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ကျေးရွာတွင် နေထိုင်သည့် အသက် ၄၀ ဝန်းကျင် အမျိုး သားသည် ဖခင်ဖြစ်သူနှင့်အတူ မာန်လည်ကျေးရွာတောင်ဘက်ထန်းတောတွင်ရှိနေစဉ် အမည်မသိ PDF အဖွဲ့မှ လူ ၇ ဦးခန့်သည် သေနတ်အတို/အရှည်များဖြင့်ရောက်ရှိလာပြီး ၎င်းအမျိုးသားအား ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် PDF များ ခေါ်ဆောင်သွားသည့် ၎င်းအား နွားထိုးကြီးမြို့ အနောက်တောင်ဘက်(၉)မိုင်ခန့်အကွာ၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၊ နွားထိုးကြီး-တောင်သာသွားကားလမ်း မိုင်တိုင်အမှတ်(၉/၁)အနီးတွင် လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်နှင့် ယာဘက်လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေကြောင်း သိရသည်။

အလားတူပင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကဒေါင်းကျေးရွာအုပ်စု၊ ညောင်ဇင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၆ ရက်၊ ညနေ ၆ နာရီ ၄၀ ခန့်က အသက် ၃၅ နှစ်အရွယ် အမျိုးသမီးသည် ၎င်း၏သမီးဖြစ်သူနှင့်အတူ နေအိမ်၌ရှိနေစဉ် ဆိုင်ကယ် ၁ စီးဖြင့် PDFအဖွဲ့မှဆိုသူ အမျိုးသားလူငယ် ၂ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် နားထင်ကိုကျည်ဖောက်ဝင်သည့်ဒဏ်ရာများဖြင့် နေရာ၌ပင်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါအလောင်းများအား သက်ဆိုင်ရာမှ စစ်ဆေးမှုပြုလုပ်ပြီးနောက် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် နွားထိုးကြီးမြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News