





သက်တံ့
၉. ၄. ၂၀၂၆
ဒီရက်ပိုင်းအတွင်း ဧရာဝတီဘဏ်ရဲ့ Aya Visa Prepaid ကတ်တွေဟာ ဘဏ်ထဲရှိတဲ့ ငွေလက်ကျန်မှန်သမျှ ဖြတ်တောက်ခံနေရပြီး ဒီ ဖြတ်တောက်ခံရမှုအားလုံးကို ငွေပြန်လည်ဖြည့်တင်းပေးမှာဖြစ်ကြောင်း ဧရာဝတီဘဏ်က ဒီညမှာ အာမခံချက် ထုတ်ပြန်လာပါတယ်။
Aya Visa Prepaid ကတ်တွေ မမှန်ကန်တဲ့ Transaction တွေနဲ့ ဖြတ်တောက်ခံရမှုဟာ မတ်လကတည်းက စတာလို့လည်း မှတ်ချက်ပြုနေကြပြီး အများစုဟာ Google နဲ့ ချိတ်ဆက်မှုနဲ့၊ ဗီယက်နမ်ဘက်က Hacker တွေရဲ့ လက်ချက်လို့ သုံးသပ်မှုတွေလည်း ရှိနေပြီး ဒီလိုဖြစ်စဥ်အပေါ် ဧရာဝတီဘဏ်က “မကြာသေးမီက ဖြစ်ပေါ်ခဲ့သော AYA Visa Prepaid Card မှ Transaction များဖြတ်တောက်ခံရခြင်းနှင့် ပတ်သက်၍ AYA Bank မှ Customer များ၏ ငွေကြေးလုံခြုံမှုရှိစေရန် အဓိကထားဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သော Online merchant (online shop/application/e-commerce site) များသို့ ငွေပေးချေမှုများကို ယာယီကန့်သတ်ထားပါသည်။”လို့ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် AYA Visa Prepaid Card တွေ လုံခြုံရေးအတွက် လက်ရှိဆောင်ရွက်နေတဲ့ အစီအစဉ်တွေအဖြစ်လည်း” ယခုဖြစ်စဥ်တွင်ပါဝင်သော Card များကို Card အသစ်များဖြင့် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ဖြစ်ပေါ်ခဲ့သော မမှန်ကန်သည့် Transaction များအတွက် ငွေပမာဏများကို Customer များထံ ပြန်လည်ဖြည့်ပေးသွားမည်ဖြစ်ပြီး Customer များအနေဖြင့် ငွေကြေးဆုံးရှုံးမှု မရှိစေရန် အာမခံပါသည်။ AYA Pay နှင့် AYA Internet Banking / Mobile Banking စနစ်များအား ပုံမှန်အတိုင်း လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါသည်။ Customer များ၏ လုံခြုံရေးကို အမြဲတမ်း ဦးစားပေးထားပြီး အခြေအနေပြောင်းလဲမှုများရှိပါက ဆက်လက်အသိပေးသွားမည်ဖြစ်ပါသည်။ AYA customers ၏ နားလည်ပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါသည်။”လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ပုံစာ။ Aya Visa Prepiad ကတ်မှာ မမှန်မကန် ငွေဖြတ်တောက်ခံရမှု ကြုံတွေ့နေသူများက လူမှုကွန်ရက်တွင် ဖော်ပြထားသည်များ မြင်ကွင်း။
