၉.၄.၂၀၂၆
Written By Thandar
Nutrilife Co.,Ltd က တင်သွင်းဖြန့်ချိတဲ့ ခံတွင်းအနံ့ဆိုးတွေပျောက်ကင်းဆေးနဲ့ မိန်းကလေးတိုင်းမရှိမဖြစ် တစ်ကိုယ်ရေသန့်ရှင်းဆေးရည် “Thera Breath နဲ့ Femfresh Intimate Skin Care” တို့ကို မိတ်ဆက်ပွဲ အခမ်းအနားကို ဧပြီ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel မှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
“ Nutrilife Co.,ltd က ရှေ့မှာလည်းတင်သွင်းလာတဲ့ Brand တွေအများကြီးရှိတယ်။ ထုတ်ကုန်နှစ်မျိုးလုံးက ကိုယ်တိုင်သုံးပြီး ယုံကြည်စိတ်ချရတဲ့ Brand တွေကိုပဲ တင်သွင်းတာပါ။ USA, UKတို့မှာ နံပါတ်တစ်ဖြစ်တဲ့ Product တွေ တင်သွင်းတာပါ။ ဆပ်ပြာတွေမပါဝင်တဲ့အတွက် အရေပြားယားတာတွေမဖြစ်ဘူး။ အနံ့လည်းမရှိဘူး။ ထိပ် ပြောချင်တာက အတုတွေလည်းရှိတာမို့ သတိထားပြီး သေချာစိစစ်သုံးပါလို့ ပြောချင်ပါတယ်။ မိန်းကလေးအတွက် လိုအပ်တဲ့အရာလေးပေါ့။ ခံတွင်းနံ့အတွက်လည်းစိတ်ချရတဲ့ ထုတ်ကုန်တွေကိုသဘောကျပါတယ်”လို့ အဆိုတော် စံထိပ်ထားဦးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ ညီထွဋ်ခေါင်၊ ပိုးမမှီသာ၊ ဆောင်းသီရိစံ၊ စံထိပ်ထားဦး၊ မိစန္ဒီ စတဲ့သူတွေ တက်ရောက်ခဲ့ကြပြီး ထုတ်ကုန်တွေနဲ့ မိတ်ဆက်ပေးခဲ့ကြပါတယ်။ အဲဒီနောက် အဆိုတော်တွေက တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပြီး လက်ဆောင်တွေ ပေးအပ်ခဲ့ကြပါတယ်။
#စံထိပ်ထားဦး #SanHtateHtarOo #NyiHtutKhaung #PoeMamHeThar #MyanmarSinger #Nutrilife
#SaungThiriSan #ညီထွဋ်ခေါင် #ပိုးမမှီသာ #မိစန္ဒီ #MiSandi #femfreshlaunchevent2026 #therabreathlaunchevent2026














