◾️တစ်ဖက်သတ်အလိုအတိုင်း တောင်းဆိုခြိမ်းခြောက်မိ၍ အင်ဒိုနီးရှားအမျိုးသားဖြစ်သူ ယောင်္ကျားအဖြစ်ဆုံးရှုံးရ

၂၇. ၂. ၂၀၂၃
Translated by Htwe Ko Tun

မိမိအလိုအတွက်သာ တစ်ဖက်သတ်ကြည့်၍ ချစ်သူဖြစ်သူအား မိမိ၏ဆန္ဒအတိုင်း လိုက်လျောဆက်ဆံခွင့်ပေးရန် တစ်ဖက်သတ်တောင်းဆိုခဲ့သူ အင်ဒိုနီးရှား အမျိုးသားတစ်ဦးမှာ နောက်တစ်ကြိမ် ဤသို့တောင်းဆိုရန် စွမ်းဆောင်နိုင်ရည်မရှိသည့် အခြေအနေသို့ပင် ရောက်ခဲ့ရကြောင်း သတင်းများအရ သိရသည်။

ဖြစ်ရပ်မှာ ၎င်းက ချစ်သူဖြစ်သူအား မိမိအလိုအတိုင်းဆက်ဆံခွင့်ပေးရန် ထပ်ခါထပ်ခါ အဓမ္မတောင်းဆိုလာမှုကို မခံမရပ်နိုင်ဒေါသဖြစ်လာသော အမျိုးသမီးချစ်သူက ၎င်း၏ မတော်ရာယောင်္ကျားအင်္ဂါကို ဖေဖော်ဝါရီ ၂၅ ရက်က ဖြတ်တောက်ပစ်ခဲ့ခြင်းဟု သတင်းများက ဆိုသည်။

မိန်းကလေးဖြစ်သူမှာ အဆိုပါအမျိုးသားချစ်သူကို များစွာစိတ်ပျက်မိ၍ ၎င်း၏အလိုကို မလိုက်လျောခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဤတွင် အမျိုးသားဖြစ်သူက ၎င်းတို့နှစ်ဦးယခင်က ချစ်ကျွမ်းဝင်နေသည့် ဗီဒီယိုတစ်ခုကိုထုတ်ပြကာ အကယ်၍ မိန်းကလေးအနေနှင့် ၎င်း၏ဆန္ဒကို မလိုက်လျောလျှင် ထိုဗီဒီယိုအား အွန်လိုင်းပေါ်တင်၍ ဖြန့်မည်ဟုလည်း ခြိမ်းခြောက်မှုပြုလာခဲ့ခြင်းကြောင့် မိန်းကလေးဖြစ်သူက ၎င်းတို့နှစ်ဦးတွေ့နေစဉ် ဖေဖော်ဝါရီ ၂၅ ရက်က ပြန်လည်တိုက်ခိုက်ထိုးကြိတ်ကာ အမျိုးသားဖြစ်သူ၏ ယောင်္ကျားအင်္ဂါကို ဖြတ်တောက်ပစ်ခဲ့ခြင်းဖြစ်သည်။

အဖြစ်အပျက်က အင်ဒိုနီးရှားနိုင်ငံ၏ မြောက်ဆူမားတြားကျွန်း၊ ဆီဘိုလ်ဂါမြို့ရှိ ဟိုတယ်တစ်ခုတွင် ၎င်းတို့နှစ်ဦးတွေ့ဆုံကြစဉ် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ ဆီဘိုလ်ဂါမြို့ရဲတပ်ဖွဲ့ အကြီးအကဲ၏ ပြောကြားချက်အရ အမျိုးသားဖြစ်သူမှာ အသက် ၂၈ နှစ်ရှိပြီး ၎င်း၏ချစ်သူမိန်းကလေးကို နှစ်ဦးအတူဆက်ဆံခွင့်ပေးရန်တောင်းဆိုခဲ့သည်မှာ ခုနှစ်လရှိခဲ့ပြီဟု ဆိုသည်။ သို့သော် မိန်းကလေးကမလိုက်လျောဘဲငြင်းဆန်ခဲ့သည်ကို အကြိမ်ကြိမ်ထပ်မံတောင်းဆိုလာရာ ထိုနေ့တွင်မူ ၎င်းတို့နှစ်ဦး၏ ယခင်က ချစ်ကျွမ်းဝင်နေပုံ ဗီဒီယိုကို ထုတ်ပြခြိမ်းခြောက်ခြင်းကြောင့် မိန်းကလေးက ဓားတစ်ချောင်းဖြင့် အမျိုးသား၏အင်္ဂါကို တိုက်ခိုက်ဖြတ်တောက်သည့်အထိ ဖြစ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပွားပြီးနောက် သွေးထွက်လွန်နေသော အမျိုးသားဖြစ်သူကို အနီးရှိ ဆေးရုံတစ်ခုသို့ ချက်ချင်းတင်ပို့ခဲ့သည်။ သို့သော် ၎င်း၏အင်္ဂါအား မူလအတိုင်းပြန်လည်ဆက်ပေးနိုင်မည်လော(သို့မဟုတ်)၎င်းအနေနှင့် နောက်တစ်ကြိမ် လိင်ဆက်ဆံမှုပြုနိုင်အုံးမည်လော မသေချာကြောင်း သိရသည်။

ရဲတပ်ဖွဲ့က မိန်းကလေးဖြစ်သူအား ဖမ်းဆီးခဲ့သော်လည်း ၎င်းအား မည်သည့်ပုဒ်မများနှင့် အမှုဖွင့်မည်(သို့မဟုတ်) မည်သည့်စွဲချက်များနှင့် အရေးယူမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

Leave a Reply

Your email address will not be published. Required fields are marked *