၂၇. ၂. ၂၀၂၃
Written by Ye Kyaw

ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၁၀ ကျော်ကျဆင်းခဲ့သော်လည်း ယနေ့အထိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၈ သိန်းခွဲဝန်းကျင်မှာပင် ဆက်လက်ရှိနေပြီး ငွေလဲလှယ်မှု ဒေါ်လာဈေးနှုန်း အနည်းငယ်သာ ပြောင်းလဲမှုရှိခဲ့သည်။

ဖေဖော်ရီ ၂၇ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ၁၈၁၂ ဒေါ်လာသာရှိ၍ ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်အောင်စလျှင် ၁၉၂၂ ဒေါ်လာနှင့်နှိုင်းယှဥ်လျှင် ဒေါ်လာ ၁၁၀ လျော့ကျခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) သတ်မှတ်ရည်ညွှန်း ရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ၂,၁၃၀,၀၀၀ သတ်မှတ်ထားပြီး ပြင်ပရွှေဈေးနှုန်းသည် ကျပ် ၂,၈၄၃,၀၀၀ ရှိနေ၍ ဖေဖော်ဝါလ တစ်လလုံးတွင် ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းမှုရှိခဲ့သော်လည်း ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းမှုမရှိခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဖေဖော်ဝါရီ ၂၂ ရက်တွင် ရွှေဈေးနှုန်း ၂,၈၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၇၀ ကျပ်၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၂,၈၈၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၇၀ ကျပ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရွှေဈေးနှုန်း ၂,၈၅၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၇၅ ကျပ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် ရွှေဈေးနှုန်း ၂,၈၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၇၅ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News