၂၇. ၂. ၂၀၂၃
Written By Thandar

ပရိသတ်အချစ်တော် အဆိုတော်မလေး Bobby Soxer ကတော့ အဆိုတော် လွှမ်းပိုင်နဲ့ လမ်းခွဲပြီးနောက်မှာ ပရိသတ်သိရှိပြီးသား အချစ်ရေးကိစ္စတွေအကြောင်း မပြောပြချင်တော့ဘူးလို့ ဆိုပါတယ်။

သူမတို့ အချစ်ဇာတ်လမ်းက မထူးဆန်းတဲ့အတွက် မပြောချင်တော့သလို ချစ်ခြင်း၊ ကွဲခြင်း ဆိုတာက လူတိုင်း ကြုံတွေ့တတ်တဲ့ အရာတစ်ခုဖြစ်ပြီး စိတ်ဝင်စားစရာမကောင်းဘူးလို့ ထင်မြင်ယူဆမိတယ် ဆိုပါတယ်။ အဆိုတော် Bobby Soxerနဲ့ လွှမ်းပိုင်တို့ဟာ ၁၃ နှစ်တာ ကာလကြာ လက်တွဲခဲ့တဲ့ ချစ်သူတွေဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက နှစ်ဦးသဘောတူ လမ်းခွဲလိုက်တာလည်း ဖြစ်ပါတယ်။

“ရည်းစားနဲ့ ပြတ်တယ်၊ အသည်းကွဲတယ်ဆိုတာက ထက်တို့လည်း သာမန်လူတွေလိုပါပဲ။ ချစ်ခြင်း၊ ကွဲခြင်း ဆိုတာ လူတိုင်းက ဘဝတစ်လျှောက်လုံးမှာ ကြုံခဲ့ရတဲ့အရာဆိုတော့ သာမန်ပါဘဲ။ ဘာမှစိတ်ဝင်စားစရာ မရှိဘူးလို့ ထင်တာပါပဲ။ ဖြစ်ရပ်တွေအကုန်လုံးကလည်း မထူးဆန်းဘူး။ အကုန်လုံးလည်း သိပြီးသားဆိုတော့ မပြောတော့ပါဘူး။ ထက်ကတော့ အခုအချိန်မှာ လှလှလေးနေပဲ နေချင်တယ်။ အသည်းကွဲတာ မကွဲတာနဲ့ မဆိုင်ဘူး။ အဓိကကတော့ ကိုယ့်ကိုကိုယ် လှလှလေးပဲ နေချင်တာပါ”လို့ Bobby Soxer ကပြောပါတယ်။

လက်ရှိအချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေ ပြန်လုပ်နေပြီး သူမရဲ့ သီချင်းသစ်ကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် တေးသီချင်းအသစ်တွေလည်း မကြာမီ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။

“ထက်ရဲ့ သီချင်းတွေ မထွက်ဖြစ်တာ သုံးနှစ်လောက်တောင် ရှိပြီ။ ဒီလပိုင်းအတွင်းတော့ သီချင်းပြန်ရေးနေတယ်။ ထက်သီချင်းရေးနေတယ်။ တစ်ပိုဒ်လောက်ပဲ ကျန်တော့တယ်။ ဒီတလောအတွင်း သီချင်းအသစ်လေးတွေ ထွက်ဖို့ရှိတယ်။ အသစ်မထွက်တာကြာပြီဖြစ်တဲ့အတွက် ဘာပဲထွက်လာလာ ပရိသတ် စိတ်ကျေနပ်မှုရမယ်လို့ ထင်ပါတယ်”လို့ သူမက ဆက်လက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News