◾ ဂျာမနီရှိ အသက် ၁၇ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများ ပြည်ပသို့သွားရောက်မည်ဆိုပါက စစ်တပ်၏ ခွင့်ပြုချက်ရယူရန် လိုအပ်လာ
သက်တံ့
၆.၄.၂၀၂၆
ဂျာမနီနိုင်ငံ၏ စစ်မှုထမ်းဆိုင်ရာ စည်းမျဉ်းများတွင် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုကို စတင်လိုက်ပြီး အသက် ၁၇ နှစ်မှ ၄၅ နှစ်ကြားရှိ အမျိုးသားအများစုသည် ပြည်ပတွင် အချိန်ကြာမြင့်စွာ နေထိုင်ရန်အတွက် နိုင်ငံအတွင်းမှ မထွက်ခွာမီ စစ်တပ် (Bundeswehr) ထံမှ ခွင့်ပြုချက်ရယူရန် လိုအပ်လာကြောင်း Frankfurter Rundschau သတင်းစာက စနေနေ့တွင် ဖော်ပြခဲ့သည်။
ဤလုပ်ဆောင်ချက်သည် ယခုနှစ်အစောပိုင်းတွင် စတင်အာဏာတည်ခဲ့သော “စစ်မှုထမ်းစနစ် ခေတ်မီစေရေးအက်ဥပဒေ” (Military Service Modernization Act) အရ ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
အဆိုပါဥပဒေအရ ၂၀၃၅ ခုနှစ်အရောက်တွင် ဂျာမန်လက်နက်ကိုင်တပ်ဖွဲ့ဝင် အရေအတွက်ကို လက်ရှိ ၁၈၄,၀၀၀ ခန့်မှ ၂၅၅,၀၀၀ နှင့် ၂၇၀,၀၀၀ ကြားအထိ တိုးမြှင့်ရန် ကြိုးပမ်းမှုအဖြစ် မဖြစ်မနေ ဆေးစစ်မှုခံယူခြင်း အပါအဝင် စစ်မှုထမ်းရန် စာရင်းသွင်းခြင်းကို ပြန်လည်စတင်ရန်လည်း ပါဝင်သည်။
၂၀၀၈ ခုနှစ်နှင့် နောက်ပိုင်းတွင် မွေးဖွားသူများအတွက် အပြည့်အဝ မဖြစ်မနေ စာရင်းသွင်းရမည့် လုပ်ငန်းစဉ်ကို နောက်ပိုင်းကာလမှသာ အဆင့်လိုက် စတင်သွားမည်ဖြစ်သော်လည်း၊ ပြည်ပထွက်ခွာခွင့် ခွင့်ပြုချက်ရယူရမည့် သတ်မှတ်ချက်သစ်မှာမူ ယခုအခါ စတင်အာဏာတည်နေပြီဖြစ်သည်။ ပြင်ဆင်လိုက်သည့် ပုဒ်မတစ်ခုအရ ဂျာမနီနိုင်ငံမှ သုံးလထက်ကျော်လွန်၍ ထွက်ခွာလိုသော အမျိုးသားများသည် သက်ဆိုင်ရာ စစ်တပ်ယူနစ် (Bundeswehr unit) ထံမှ ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။
ဤသတ်မှတ်ချက်သည် ယခင်က ခွင့်ပြုချက်ရရှိထားပြီးဖြစ်သော ပြည်ပနေထိုင်မှုကို ထပ်မံတိုးမြှင့်လိုသူများ၊ ခွင့်ပြုချက်မယူဘဲ ပြည်ပသို့ရောက်ရှိနေပြီး သုံးလထက်ကျော်လွန်၍ ဆက်လက်နေထိုင်လိုသူများနှင့် ယူကရိန်းစစ်ပွဲကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန်တွင် ဤစည်းမျဉ်းသည် စစ်မှုထမ်းရန် တာဝန်ရှိသူများကို စနစ်တကျ စောင့်ကြည့်နိုင်ရန်နှင့် ဂျာမနီ၏ ကာကွယ်ရေး အသင့်ဖြစ်မှုကို အားကောင်းစေရန် ရည်ရွယ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
သို့သော်လည်း ဤအပြောင်းအလဲအပေါ် အရပ်ဘက်လွတ်လပ်ခွင့် တက်ကြွလှုပ်ရှားသူများက စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။ ၎င်းတို့က ဤဥပဒေသည် လူဦးရေအမြောက်အမြား၏ လွတ်လပ်စွာ သွားလာခွင့်အပေါ် ယခင်ကမရှိခဲ့ဖူးသော ကန့်သတ်ချက်များကို ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဝေဖန်ထောက်ပြလျက်ရှိသည်။
ဂျာမနီစစ်ပြင်သည့် နှစ်ကြိမ်စလုံး ကမ္ဘာစစ်ဖြစ်ပွားခဲ့သလို ကမ္ဘာစစ်နှစ်ကြိမ်စလုံးတွင် အဓိကပါဝင်ခဲ့သည့် ဂျာမနီနိုင်ငံအနေဖြင့် ဆယ်စုနှစ်များစွာ စစ်ရေးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ ယူကရိန်းစစ်ပွဲနှင့် အရှေ့အလယ်ပိုင်းမှ အီရန် စစ်ပွဲကြောင့် မြင့်တက်လာသည့် ရုရှား၏ ခြိမ်းခြောက်မှုနှင့် ဥရောပလုံခြုံရေး အခြေအနေများကြောင့် ကာကွယ်ရေးကဏ္ဍကို ပြန်လည်အရှိန်မြှင့်လာခြင်း ဖြစ်သည်။
အစိုးရတာဝန်ရှိသူများကမူ ဤစည်းမျဉ်းသည် စစ်တိုက်ရန် ပြင်ဆင်ခြင်းထက် “ရန်သူက လာမတိုက်ရဲအောင် ဟန့်တားရန်” နှင့် “အရေးပေါ်အခြေအနေတွင် စစ်မှုထမ်းနိုင်သူများကို စနစ်တကျ စောင့်ကြည့်နိုင်ရန်” ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း အရပ်ဘက်လွတ်လပ်ခွင့် တက်ကြွလှုပ်ရှားသူများကမူ ဤဥပဒေသည် လူဦးရေအမြောက်အမြား၏ လွတ်လပ်စွာ သွားလာခွင့်အပေါ် ယခင်ကမရှိခဲ့ဖူးသော ကန့်သတ်ချက်များကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း စိုးရိမ်တကြီး ဝေဖန်ထောက်ပြလျက်ရှိသည်။
Ref: AA
