၆.၄.၂၀၂၆
Photo by Nay Yaung
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဧပြီ ၆ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စတင်ရောက်ရှိလာပြီဖြစ်သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို မတ်လ ၂၀ ရက်က ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။









