၄.၄.၂၀၂၆
Photo by Linn Eain









ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာသင်္ကြန်(အကြို)ပွဲတော် အခမ်းအနားကို မရမ်းကုန်းမြို့နယ်၊ ကိုးမိုင်ရှမ်းကျောင်း(နှီးဘုရားကြီး)တွင် ဧပြီ ၄ ရက် နေ့လယ် ၂ နာရီမှ ည ၇ နာရီထိ ပြလုပ်ခဲ့သည်။
ရှမ်းသင်္ကြန်(အကြို)အခမ်းအနားကို ရှမ်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန်၊ အတူတကွ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် ရည်ရွယ်၍ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း(ရန်ကုန်)က ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှမ်းသင်္ကြန်သို့ ရှမ်းတိုင်းရင်းသား အနုပညာရှင်များဖြစ်ကြသည့် သရုပ်ဆောင် ဟင်နရီစံ၊ အဆိုတော် The Sai၊ သရုပ်ဆောင်နှင့် အလှမယ် ဟန်လေးအပါအဝင် အခြားအနုပညာရှင်များပါဝင် ဖျော်ဖြေဆင်နွှဲခဲ့ကြပြီး ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှုအကအလှများ၊ ပျော်ရွှင်ဖွယ်အစီအစဉ်များနှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာအစာအစားများ၊ ရိုးရာဝတ်စုံများလည်း ရောင်းချပေးခဲ့ပြီး ရိုးရာမုန့်များကိုလည်း စတုဒိသာလှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။
